တရော်ကင်ပွန်း နှင့် ခေါင်းလျှော်ရခြင်း အကြောင်းရင်း


မြန်မာလူမျိုးတွေဟာ တရော်ကင်ပွန်းကို အသုံးပြုလို့ ခေါင်းလျှော်ရင် အညံ့တွေပျောက်ပြီး ကျက်သရေမင်္ဂလာတွေနဲ့ ထုံမွမ်းစေတယ်လို့ ယုံကြည်ကြပါတယ်။ အိပ်မက်ဆိုးတွေ ဘာတွေ မက်ရင်လည်း တရော်ကင်ပွန်းနဲ့ လျှော်ရင် နိမိတ်ဆိုးတွေ ကြေတယ်လို့ ဆိုပါတယ်။
တရော်ကင်ပွန်း ကို ဘယ်လိုစတင်တွေ့ရှိ အသုံးပြုခဲ့ကြတာလည်းဆိုတော့..
သရေခေတ္တရာပြည်တွင် ဒွတ္တပေါင်မင်းကြီးစိုးစံစဉ်က ဖြစ်သည်။
ထိုမင်းကြီးကား နဖူးအလယ်တွင် မှဲ့ရှင်တော်တစ်ခုပါ၍ " မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တဘောင် " ဟု နှောင်းလူများက မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး၊ နာဠာဂီရိဆင်၊ ၀လာဟက နတ်မြင်းတို့ကိုလဲ ပိုင်ဆိုင်သည်ဆို၏။
တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿနိုးပြည်ကို သွားရောက်တိုက်ခိုက်ရာ ဗိဿနိုးမှ ပန်ထွာဘုရင်မက ရန်ပယ်ချောင်းရေကို စနစ်တကျ အသုံးချကာ ခုခံခဲ့သည်။
သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ ဗိဿနိုး၏ ကာကွယ်ရေးစနစ်ကို ချေဖျက်ခဲ့ပြီး ဘုရင်မနှင့်တကွ ဗိဿနိုးပြည်ကို သိမ်းပိုက်ခဲ့သည်။
ပန်ထွာမိဖုရားသည် အတင်းအဓမ္မသိမ်းပိုက်ခံရခြင်းကို မကျေနပ်ပါ။ ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေ၏။
ကြံပုံမှာ- သူမ၏ ထဘီအောက်နားစ ကို ဖြတ်ကာ နံ့သာအမွှေးအကြိုင်များ ထုံမွှမ်းစေပြီး မင်းကြီး ထံ မျက်နှာသုတ်ပ၀ါအဖြစ် ဆက်ကပ်ခြင်းဖြစ်သည်။ (မူကွဲများတွင် သုဿာန်မှ အ၀တ်ဟုလည်းဆိုသည်)
မင်းကြီးလည်း ထိုမျက်နှာသုတ်ပ၀ါကို သုံးမိလျှင် ဘုန်းနိမ့်ကာ မှဲ့ရှင်တော်ကွယ်လေ၏။ လှံများ ဓါးများလည်း အရောင်မထွက်တော့ပေ။
ပန်ထွာလည်း မိမိအကြံဖြစ်ကြောင်း။ ယခုလောက်ဖြင့် မကျေနပ်သေးဘဲ နောက်ဘ၀များတွင်လဲ မင်းကြီး၏ ပျက်စီးကြောင်းကို ကြံစည်လိုသေးကြောင်း။ နောက်ထပ် လက်စားမချေရမခြင်း သရေခေတ္တရာ အနီးရှိ ပေပင် တို့သည် ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကို မော့ချကာ သေလေ၏။ ( ထိုပေပင် တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပု အရွယ်မှ မတက်ကြသေးချေ။ အံ့ဖွယ်ပင် )
မင်းကြီးတွင် ဘုန်းကံ နိမ့်ပါးကြောင်း သိလျှင် ကမ်းယံပြည် အပါအ၀င် အခြားလက်အောက်ခံမင်းများလည်း ထကြွ ပုန်ကန်ကြလေ၏။
မင်းကြီးကိုယ်တိုင် ပုန်ကန်မှုများကို နှိမ်နင်းသော်လဲ အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏။
ထိုသို့ပြေးစဉ် မိုးရွာလာသဖြင့် ကင်ပွန်းနွယ်များတက်နေသော တရော်ပင်ကြီး တစ်ပင်အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်း အရည်များ မင်းကြီး၏ ဆံပေါ်ကျလျှင် ကျခြင်း လက်ထဲမှ လှံသည် ချက်ချင်းအရောင်ထွက်လေ၏။ နဖူးပေါ်မှ မှဲ့သည်လည်း ပြန်ပေါ်လာတော့သည်။
မင်းကြီးလည်း အံ့သြ၀မ်းသာဖြစ်ကာ တရော်ကင်ပွန်းအပင်များကို မှတ်သားပြီး မိမိ၏ တပ်သားများကို စိတ်ဓာတ်ရွှင်လန်းစေကာ ရန်သူများကို တိုက်လေ၏။
များမကြာမီ ရန်သူအားလုံးကို နှိမ်နင်းအောင်မြင်ကာ သရေခေတ္တရာထီးနန်းကို ပြန်လည်စိုးစံလေတော့သတည်း။
ဤသည်ပင် တရော်ကင်ပွန်း၏ ရာဇ၀င်ဖြစ်တော့သည်။

ဘယ်နိုင်ငံမဆို PHONE အလကားပြောမယ် MESSAGES အလကားပို့မယ်



အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ကျနော်အခုတင်ပေးမဲ့ ပိုစ့်ကတော့ အားလုံးပဲကြိုက်ကျမယ်လို့မျှော်လင့်ပါတယ်။ သိပြီးသားသူတွေ ရှိပြီးသားသူတွေအတွက်တော့
ဘာမှ မဟုတ်တဲ့ ပိုစ့်တစ်ခုလို့ပဲ သတ်မှတ်ပါခင်ဗျာ။ကျနော်အတွက်ကတော့ မသိရသေးတဲ့
အတွက်အသစ်လို့ပဲ သတ်မှတ်မိတယ်ပါတယ်။

net ဖွင့်ပီးအိပ်ပျော်တက်တဲ ဘော်ဘော်တွေအတွက်

net ဖွင့်ပီးအိပ်ပျော်တက်တဲ ဘော်ဘော်တွေအတွက်ပါ ဒီbatteryဆော့ဝဲလေးကbatteryလည်းခံသလို netဖွင့်ရင်းအိပ်ပျော်တာဘဲဖြစ်ဖြစ် ဖုန်းကိုအိပ်ကပ်ထဲထည့်တာဘဲဖြစ်ဖြစ်auto net ကိုပိတ်ပေးပါတယ် လိုချင်ရင်တောhttps://www.dropbox.com/s/yfohqghuv4rfya2/2x%20Battery.apk

samsung galaxy S3 GT- i9300 ကို latest official android 4.3 တင်နည်း| root လုပ်နည်း | မြန်မာစာသွင်းနည်း




samsung galaxy S3 GT- I9300 အတွက် january 27, 2014 နေ့ထွက် build number I9300XXUGML3_I9300OLBGML3_XME malaysia firmware ကို ကိုယ်တိုင်တင်မယ် root လုပ်မယ် မြန်မာစာသွင်းကြမယ်ဗျာ......... ကျွန်တော်တို့ နည်းလမ်းလေးမစခင် သိသင့် သိထိုက်တာလေးတွေအရင်ဆုံးပြောပါရစေ။ ဒီနည်းလမ်းလေးကို android user တော်တော်များများ သိပြီးသားပါ။ နည်းလမ်းလေးကလွယ်ပါတယ်။ ကျွန်တော် အခုပြောပြမယ့်နည်းလမ်းက samsung galaxy S3 GT- I9300 တစ်မျိုးထဲ အတွက်ပါ။ မိမိရဲ့ phone model ကို setting / more / about device အဆင့်ဆင့်ဝင်ပြီးစစ်ကြည့်ပြီးမှ သေချာတယ်ကိုက်ညီတယ်ဆိုမှ ဒီနည်းလမ်းကို အသုံးပြုပါလို့ အကြံပေးချင်ပါတယ်။ နောက်ထက် သတိထားရမှာက ကျွန်တော်တင်ပေးထာတဲ့ Ordin3 v 3.09 နဲ့ပဲသုံးပါ။ တစ်ခြား ကိုယ့်မှာရှိပြီးသား Ordin နဲ့လုပ်မိလို့ တစ်ခုခု error ဖြစ်သွားရင်တော့ your own risk ကိုယ်ဖော်တဲ့ဆေး ကိုယ်စားပေါ့နော် ..... နောက်တစ်ခုရှိသေးတယ်ဗျာ တစ်ခြားတော့မဟုတ်ပါဘူး S3/ note 2 / note3 တွေ 4.3 firmware update လုပ်ရင်ပါလာတဲ့ Knox application ပါ ထူးစမ်းတာက ကျွန်တော် ဒီ firmware ကို update လုပ်ပြီးသွားတော့ ဘာ Knox မှပါမလာဘူးဗျာ ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ် Knox ကို android version 4.3 မြှင့်ရင်သတိထားဖို့ root မလုပ်ခင် Knox ကို desiable လုပ်ဖို့ site တိုင်းမှာ ပြောနေကြတော့ ကျွန်တော် လိုက်ရှာတယ် မတွေ့ဘူး တစ်ခြား နာမည်းနဲ့များ ပါလာမလား? လိုက်ရှာတယ် မတွေ့ဘူး အဲတာနဲ့ ကျွန်တော် online မှာ thailand firmware လိုက်ရှားပြီး ထက်တင်ကြည့်တယ် ဒါလဲ Knox ပါမလာသလို မြန်မာစာလဲပါမလာပါဘူး ကဲရှိစေတော့ ဟဲ့ဆိုပြီး ဖြစ်ချင်တာဖြစ် မောင်ဘချစ် root လုပ်လိုက်တယ် အစင်ပြေတယ်။ မြန်မာစာသွင်ကြည့်တယ် ငြိမ်နေတာပဲ ဘာမှ error မရှိပဲပြီးဆုံးသွားတယ် ဒါပါပဲ။ ကဲကျွန်တော် လျှာရှည်တာလဲများသွားပါပြီ ကျွန်တော်တို့ နည်းလမ်းလေး စလိုက်ကြရအောင် .....

Root လုပ်ရာမှာ မြန်ဆန်လွယ်ကူစေတဲ့ 1 Click Root Tool အသစ် (Kingo Android ROOT)






Root လုပ်ရာမှာ မြန်ဆန်လွယ်ကူစေတဲ့ 1 Click Root Tool အသစ်လေးပါ ...ဒီ Root Tool လေးက နောက်ဆုံးထွက် Samsung GALAXY Note 3 ထိ အလွယ်တကူ Root နိုင်ပါတယ်...။ Google , HTC , Motorola , Samsung , LG , Sony , Huawei , Alcatel , Lenovo , Micromax , Acer , Asus နဲ့ Android ဖုန်းတော်တော်များများကို အလွယ်တကူ Root နိုင်ပါတယ်...
အားလုံး စမ်းသပ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်...။



Click Here to Download
(OR)
Click Here to Download