ဘယ်လိုလုပ်ရမလဲချစ်သူရာ
ဒီလိုနဲ့ဘဲ မင်းနဲ့ဝေးသွားရတော့မှာလား
ကောင်မလေးရေ.......
မှတ်စိမှိတ်ထားပါလျှက်
ကောင်းကင်ကိုသတိရတဲ့အခါ
တိမ်များကိုမြင်ရပါတယ်........
မင်းနဲ့မဆုံနိုင်မှန်းသိရဲ့နဲ့
မင်းအကြောင်းတွေစဉ်းစားမိတိုင်း
ငါရင်ခုန်ရပြန်တယ်.......
ညအိပ်ယာဝင်တိုင်း
အိပ်မက်ထဲကိုလာခဲ့ဖို့
မင်းကိုမဖိတ်ခေါ်ခဲ့ပေမဲ့
မင်းအကြောင်းတွေ အိပ်မက်မက်တိုင်း
ငါ မနက်မိုးလင်းမှာကိုကြောက်နေပြန်ပါပြီ..........
ဒါပါပဲကွယ်
ကိုတို့နှစ်ယောက်ရဲ့အဖြစ်ဟာ
ပုံပြင်ရယ်လား အိပ်မက်လေလား
ခွဲခြားမသိပေမဲ့
ဒီ ငါဆိုတဲ့ကောင်ကရူးသွပ်စွာချစ်နေမိတာပါ
ကောင်မလေးရေ
ကြယ်တွေစုံတဲ့ညတွေမှာ
ကောင်းကင်ဆီမျှော်မှန်း ရင်း
အတွေးများကိုမင်းဆီစေလွှတ်.......
ဟိုးအဝေးဆီက
အပြာရောင်တောင်တန်းများတစ်ဖက်မှာမင်းရှိနေမလား?
လရောင်ရဲ့ရင်ခွင်ကမင်းရှိရာအရပ်ကို
အလင်းရောင်ဖြန့်ကျက်ပေးမယ်ဆိုရင်
ကောင်မလေးရေ
ငါ လရောင်လေးဖြစ်ပါရစေ...........
ဒါပေမဲ့လေ
လရောင်ရဲ့ရင်ခွင်ကတောင်တန်းများအကြား
ဧဝရတ်ရယ်လို့မခွဲခြားတတ်သလို
ကောင်မလေးရှိမဲ့အရပ်ကို
ငါဘယ်လိုမှန်းဆရပါ့...........
ကောင်မလေးရယ်
ဝေးရမယ်သိရက်နဲ့
ဆုံခွင့်ပေးတဲ့ကံတရားရယ်
ချစ်တတ်အောင်သင်ပေးခဲ့တဲ့ကံတရားရယ်
ငါ့ကိုချည်နှောင်တဲ့သံယောဇဉ်တွေရယ်
မင်းကိုလွမ်းနေတဲ့သံယောဇဉ်တွေရယ်အိုကွာ.......မင်းနဲ့ဝေးအောင်လုပ်တဲ့အရာအားလုံးကို..ငါမုန်းတယ်
ငါမုန်းတယ်....................။…………………………………………………………………………….
No comments:
Post a Comment