မောင်က ရိုမန်တစ်တော့ မဆန်ဘူး။
ဒါပေမယ့် တာဝန်ယူမှုတော့ရှိတယ်။
မောင်က ဝင်ငွေအများကြီးတော့ မရှီဘူး။
ဒါပေမယ့် မိသားစုကို ကျွေးမွေးစောက်ရှောက်တယ်။
မောင်က ဘာကိစ္စမဆို မိဘစကားကိုနားမထောင်ပါဘူး။
ဒါပေမယ့် သားသမီးတို့ရဲ့ဝတ္တရားတွေကို ကျေပွန်အောင်နေတယ်။
မောင်က သူတော်ကောင်းကျင့်ဝတ်တွေမပြည့်စုံပါဘူး။
ဒါပေမယ့် သဲ ကိုတော့ ချစ်ခင်မြတ်နိုးတယ်။
မောင်က အရမ်းအောင်မြင်ကျော်ကြားနေတဲ့သူတော့ မဟုတ်ပါဘူး။
ဒါပေမယ့် မိသားစုကို အဖော်ပြုချိန်လေးတော့ရှိပါတယ်။
မောင်က ယောက်ျားမာန်မာနတွေတော့ မရှိပါဘူး။
ဒါပေမယ့် အရေးအရာကြုံလာရင် စိတ်ကူးအကြံဉာဏ်တွေရှိတယ်။
No comments:
Post a Comment