သိချင်လို့ သိချင် လို့ပါ ရှင်

ဘာတဲ့ လောကကြီးကတော်တော်အပြောင်းအလဲမြန်တယ်
လောကကြီးရဲ့ အလှည့်အပြောင်း မှာခံလိုက်ရတယ်….
အဆိုးအကောင်း အကုန်လုံးဟာ လောကကြီး ကြောင့်ဖြစ်သွားတယ် ကံကြမ္မာ
ကြောင့်ဖြစ်သွားခဲ့ရတယ် ဆိုပြီး အပြစ်တွေ ပုံချကြတယ် တစ်ချို့ ကပြောတယ်
လူက ဖန်တီးမှ ဖြစ်တာတဲ့ အပြောင်းအလဲဆိုတာ ………….
ဒါပေမဲ့ တခုရှိသေးတယ် အကောင်းဆုံးကို ကြုံ လိုက်ချိန်ကျတော့ လောကကြီးက
မျက်နှာသားပေးတယ်တဲ့ အဆိုးဆုံးကို ကြုံ လိုက်ရချိန်မှာ တော့ ကိုယ် ကိုယ်တိုင်
ကဖန်တီးလို့ဖြစ်တာတဲ့ ………ကဲ အကောင်းကြုံချိန် မှာ ကံတရားက မျက်နှာလိုက်
တယ် ဆိုရင် အဆိုးကြုံ ချိန် ကျတော့ကော့ ဘာလို့ ကိုယ် ကိုယ်တိုင်ဖန် တီးတယ်
လို့ ပြောနိုင် ကြတာလဲဟင်…………..?သိချင်လို့ပါ…………..လောကကြီးရယ်။

No comments: