ဆုတောင်းပေးပါတယ်


တူနှစ်ကိုယ် ဂဟေဆက်
ရွှေလက်တွေ တွဲ ခိုင်စေ.....။
တစ်မိုးအောက်မှာ နှစ်ယောက်သား
အနမ်းမိုးများ သွန်းရွာစေ.......။

ပျော်ရွှင်စရာ အပြုံးများနှင့်
နှလုံးသားချင်း နားလည်စေ.....။
တစ်နေကုန်အောင် ထွေးပွေ့ထား
valentine day ဖြတ်ကျော်စေ......။
ချောကလက်တွေ အပြန်အလှန်ကျွေး
လက်ဆောင်လေး ပေးပါစေ.........။
ဝေးဖို့ကို တွေးမထား
ရှေ့ရေးအတွက် နီးပါစေ.......။
အထီးကျန်သူအဖော်ကွဲ
အလွမ်းများလည်း ဝေးပါစေ.....။
ချစ်သူမရှိတဲ့ပုဂ္ဂိုလ်များ
ချစ်သူတွေလည်းရပါစေ.......။
ချစ်တဲ့သူနဲ့ဝေးသူများ
ချစ်တဲ့သူနဲ့ နီးပါစေ.......။
အခက်အခဲများ ကုန်ကျော်လွှား
ပြဿနာများ ရှင်းနိုင်စေ.......။

No comments: