ချစ်သူသာ ???

ချစ်သူ......

နေရာဆိုတဲ့စကားရဲ့အဓိပ္ပါယ်

မင်းနားလည်ခဲ့မယ်ဆိုရင်

ငါ့နှလုံးသားရပ်ဝန်းထဲမှာမင်းအတွက်သာ

နေရာလွတ်နေတယ်ဆိုတာသိစေချင်လိုက်တာ.....

ချစ်သူ.....

အချစ်ဆိုတဲ့..စိတ်ရဲ့အမြင့်မားဆုံးရသ

မင်းခံစားတတ်ခဲ့မယ်ဆိုရင်

မင်းအတွက်သာအချစ်စစ်စစ်ရှိနေတယ်ဆိုတာ

သိစေချင်လိုက်တာ

ချစ်သူ....

အလွမ်းဆိုတဲ့ဝေဒနာခါးခါး

မင်းစာနာတတ်ခဲ့မယ်ဆိုရင်

ငါ့နှလုံးသားရပ်ဝန်းထဲမှာ

မင်းတစ်ယောက်အတွက်သာ

အလွမ်းအပြည့်ရှိနေတာကို

သိစေချင်လိုက်တာ

ချစ်သူငါ့မျက်ဝန်းထဲကချစ်စကားတွေ

မင်းဖတ်တတ်ခဲ့မယ်ဆိုရင်

ငါအရမ်းချစ်ခဲ့တယ်ဆိုတာသိနေမှာပါ............။

ချစ်သူများနေ့မှာ အားလုံးပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေခင်ဗျာ..

No comments: