ခေါင်းဆောင်လုပ်ချင်ပါ ... ဆရာကြီး မလုပ်ချင်ပါနဲ့ ...

ငါ က ခေါင်းဆောင်၊ ဆရာကြီး မဟုတ် .. .
ဆရာကြီးဆိုတာ အရာရာကျွမ်းတယ်။ ခေါင်းဆောင်က အမှားကို ၀န်ခံတယ်။

ဆရာကြီးက လုပ်ရမှာကို ပြောတယ်။ ခေါင်းဆောင်က လုပ်ပြတယ်။
ဆရာကြီးကအပြစ်ရှာတယ်။ ခေါင်းဆောင်က အကြံပြုတယ်။
ဆရာကြီးက အပြောနဲ့ စတယ်။ ခေါင်းဆောင်က နားထောင်ခြင်းနဲ့ စတယ်။ 
ဆရာကြီးကအာဏာဆန်တယ် ...။ ခေါင်းဆောင်က အဝေဖန်ခံတယ် ...။ 
ဆရာကြီးက အမိန့်ပေးတယ် ။ ခေါင်းဆောင်က လမ်းညွှန်ပြတယ်။ 
ဆရာကြီးကအရိုအသေ ကြိုက်တယ် ။ ခေါင်းဆောင်က ရိုသေထိုက်တယ်။ 
ဆရာကြီးက ရေတိုမြင်တယ် ...။ ခေါင်းဆောင်က ရေရှည်မျှော်တယ် ...။. 
ဆရာကြီးက စည်းမျည်းနဲ့ အုပ်ချုပ်မယ်။ ခေါင်းဆောင်က မေတ္တာ၊ ကရုဏာနဲ့ ရှေးရှုတယ်။ 
ဆရာကြီးက ငါ့ဖို့ကြည့်တယ် ...။ ခေါင်းဆောင်က အများဖို့ငဲ့တယ် ..။ . 
ဆရာကြီးက လောကကို အသုံးချတယ် ...။ ခေါင်းဆောင်က လောကအတွက် စတေးမယ် ...။ ဒါကြောင့် ခေါင်းဆောင်လုပ်ပါ……..ဆရာကြီး မလုပ်ပါနဲ့.....။

No comments: