လာမယ့်ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကန်တော်ကြီးအတွင်း စတင်ဖွင့်လှစ်မယ့် ပျော်ရွှင်စရာ ရေခဲကမ္ဘာ မှာ လာရောက် လည်ပတ်သူများအတွက် မြန်မာ့အာမခံလုပ်ငန်းမှာ အာမခံထားရှိဖို့ကို စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အဆိုပါရေခဲကမ္ဘာမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ အာမခံများထားရှိဖို့အတွက် လက်ရှိမှာ မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတွေနဲ့ အသေးစိတ်ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
ရေခဲကမ္ဘာမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ ၎င်းတို့အနေနဲ့ လာရောက် လည်ပတ်တဲ့သူတွေအတွက် အာမခံထားရှိပေးမှုကို ထိခိုက်ဒဏ်ရာရရှိမှု အာမခံအပြင် ကျန်းမာရေးဆိုင်ရာ အာမခံအ တွက်ပါ စီစဉ်ပေးနိုင်ဖို့အတွက် မြန်မာ့အာမခံ လုပ်ငန်းနဲ့ဆွေးနွေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။ အဆိုပါ အာမခံထားရှိမှုအတွက် လာရောက် လည်ပတ်သူတွေထံကနေ အာမခံကြေးကို ထပ်မံကောက်ခံ သွားမှာ မဟုတ်ပဲ ၀င်ကြေးထဲမှာ အာမခံကြေး ထည့်သွင်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ရေခဲကမ္ဘာဟာ မြောက်ဝင်ရိုးစွန်းေ ဒသရှိ အေးခဲမှုကို ခံစားရမှာဖြစ်တာကြောင့် ရေခဲကမ္ဘာအတွင်းသို့ မ၀င်မီနဲ့ ၀င်ပြီးပြန်ထွက်လာ တဲ့အခါတွေမှာ အပူချိန်ထိန်းညှိပေးဖို့ အတွက် ၁၆ဒီဂရီစင်တီဂရိတ်ရှိတဲ့ အပူချိန်ထိန်းချုပ်ခန်း အတွင်းသို့ ၀င်ရောက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် လာရောက်ကြည့်ရှုသူတွေမှာ ကျန်းမာရေးဆိုင်ရာ မတော်တဆ မှုတွေ ဖြစ်ပွားလာပါက အဆင်ပြေစေဖို့ ဆေးခန်းတစ်ခု ဖွင့်လှစ်ထားပြီး သူနာပြုဆရာမတစ်ဦးပါ ထားရှိပေးထားမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
No comments:
Post a Comment