အလိုအလျှောက်ရွေ့လျားနေသော ကျောက်တုံးများ


ဒီသတင်းလေးထွက်လာခဲ့တာကတော့ ကြာတော့ာကြာနေပါပြီ ။ မသိသေးသူများအတွက် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ။
ကယ်လီဖိုးနီးယားပြည်နယ် Death Valley မှာ ဘာကြောင့်မှန်းမသိပဲ မြေကြီးပေါ်မှာ ကျောက်တုံးတွေရွေ့လျားနေခြင်းဖြစ်ပေါ်ခဲ့ပါတယ် ။ ဒီကျောက်တုံးတွေဟာ အချို့ဆိုရင် 300 kg လောက်လေးပြီး ဒီလို ရှင်းလင်းတဲ့ သဲသောင်ပြင်မှာ ဘာကြောင့်အရာတွေထင်ပြီး ရွေ့လျားသွားနေကြတာပါလဲ ။ သူတို့ ရွေ့လျားသွားတဲ့လမ်းကြောင်းမှာလည်း စွတ်ကြောင်းရာကြီးတွေရှိနေပြီး အချို့ဆို ပေ တစ်ရာလောက်အထိကို ရှည်လျားပါတယ် ။

ထူးဆန်းတဲ့ အဖြေရှာမရတဲ့ အား တစ်ခုကြောင့် ဒီလို ရွှေ့လျားနေကြတာလား ဘယ်သူကမှ အဖြေကို တိတိကျကျမထုတ်နိုင်သေးတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းထွေလာများစွာထဲက တစ်ခုပဲဖြစ်ပါတယ် ။

No comments: