ဘယ်လူကအရူးထပြီး ဒီကိစ္စကိုရူးကြလဲမသိဘူး မြို့လယ်ခေါင်နဲ့အချို့နေရာတွေမှာ အမျိုးသမီးတွေကို ၀ီစီတွေကမ်းနေတယ်တဲ့ ဘာအတွက်ကမ်းလဲဆိုတော့ အမျိုးသားတွေစော်ကားမှုရန်ကလွတ်အောင်တဲ့လေ......
အမျိုးသားတွေစော်ကားရင် အမျိုးသမီးတွေက ၀ီစီကိုမှုတ်ဆိုတဲ့သဘောပေါ့.... အဲဒီမှာစဉ်းစားစရာတွေဖြစ်လာတာက တကယ်ဖြစ်ခဲ့ရင်ကော အမျိုးသမီးတွေက ဒီဝီစီကိုမှုတ်ရဲပါ့မလားဆိုတာရယ်.. နောက်တစ်ခုက မတော်တဆဗျာ အမျိုးသားတစ်ယောက်က အမျိုးသမီးကို Bus ကားပေါ်မှာ ထိမိသွားလို့ အမျိုးသမီးက၀ီစီကိုမှုတ်လိုက်ရင် ???? နောက်တစ်ခုက အမျိုးသမီးက အမြင်ကတ်လို့ ကြည့်မရလို့ ၀ီစီကိုမှုတ်ရင် အဲဒီဝီစီထွင်တဲ့လူတွေက ဘယ်လိုရှင်းပေးကြမှာလဲ၊ ဘယ်လိုတာဝန်ယူပေးကြမှာလဲ????? ပြောချင်တာက အမျိုးသမီးကိုကာကွယ်စောင့်ရှောက်ရမယ်ဆိုတာ အမျိုးသားတွေရဲ့အလုပ်ပါ ဒါပေမဲ့ တစ်ချို့တစ်ချို့သော တဏှာကျွံနေတဲ့လူကြောင့် ဒီလိုဖြစ်ရတာကတော့ အမျိုးသားထုတစ်ထုလုံးကိုစော်ကားလိုက်သလိုပါပဲ၊ တစ်ခြားနည်းလမ်းမရှိကြတော့ဘူးလား၊ ဒီထက်ကောင်းတဲ့ ပညာပေးအစီအစဉ်တွေကို မစဉ်းစားတတ်ကြတော့ဘူးလား ၀ီစီထွင်သူတို့ရေ........... အမျိုးသမီးတွေကကော ဒီဝီစီကြီးကို သွားလေရာဆောင်သွားပါ့မလား?????? ရေးထားတာက စာရေးဆရာမဟုတ်တော့ အစဉ်လိုက်ဖြစ်ချင်မှဖြစ်မှာပေါ့ဗျာ ဒါပေမဲ့လိုရင်တော့ ရောက်မယ်ထင်ပါတယ်၊ လိုခဲ့တော့လဲ ထပ်ဖြည့်ပေးကြပေါ့ဗျာ၊ အမျိုးသမီးတွေကို မစာနာလို့ဒီလိုရေးတာမဟုတ်ပါဘူးဗျာ၊ လုပ်တဲ့နည်းစနစ်တွေက ဟာသဆန်ဆန်ဖြစ်နေလို့ တင်လိုက်တာပါဗျာ၊ ကျွှန်တော်ရေးတာက အမှားတစ်ခုဆိုရင် စာဖတ်သူအနေနဲ့ နားလည်ခွင့်ပီးတော့ အောက်မှာ ရေးချင်တာကိုသာရေးသွားပါတော့။ မတက်နိုင်ဘူးလေ။ ပြောသင့်တာကိုတော့ ပြောရမယ်လို့ပဲယူဆမိလို့ပါခင်ဗျာ။
No comments:
Post a Comment