မျက်မမြင်(၅)ဦးနဲ့ကွန်ပျူတာ

တခါက ပေါ့ကွယ် …မျက်မမြင် ၅ ယောက်ရှိကြပါသတဲ့ …သူတို့ ဟာ တစ်ဦးနဲ့ တစ်ဦး အကြောင်းအရာ တစ်ခုခုကို နေ့ စဉ် ပြောဆိုဆွေးနွေးငြင်းခုန်ကြပါသတဲ့ …
တစ်နေ့ တော့ ..သူတို့ ဟာ …အင်တာနက် ဆိုတဲ့ အကြောင်းအရာကစပြီးဆွေးနွေးလာလိုက်ကြတာ နောက်ဆုံးတော့ ကွန်ပျူတာ ဆိုတာ ဘယ်လိုဟာလဲ ဆိုတဲ့မေးခွန်း ကို ရောက်သွားကြပါသတဲ့
…လေသန်သန်နဲ့  ..အင်တာနက် အကြောင်းကိုသာ ရွှီးနေကြတာ …ကွန်ပျူတာ ဆိုတာဖြူသလား မဲသလား ..မသိကြဘူး ကွဲ့ ..အဲလေ ..ဘယ်သိမှာလဲ သူတို့ ကမျက်မမြင်တွေကိုး တစ်နေ့တော့ ..သူတို့  ၅ ဦး ဆုံပြီး ..ကွန်ပျူတာ ဆိုတာ ဘယ်လို ဟာလဲ သိဘို့ …အတွက် ..ကိုကြီးကျော် ရဲ့  ရုံးခန်းကို ရောက်လာကြပါသတဲ့ ..ရောက်လာတယ်ဆိုရင်ဘဲ ကိုကြီးကျော် ကို အကျိုးအကြောင်း ပြောပြတော့..ကိုကြီးကျော်လဲ အတော် သဘောတွေကျသွားပါ သတဲ့ …”
အမယ် တယ်ဟုတ်ပါလား ..ကို့ ညီတို့ ကိုတော့ လေးစားသွား ပဟ …အစ်ကို ကူညီမယ် ” ဆိုပြီး ..သူ့ ရဲ့  ဧည့်ခန်းထဲကို ထိုင်ခိုင်း ပါသတဲ့ …ပြီးတော့ ..သူ့ရုံးခန်းမှာလဲ ဧည့်သည်တွေ မရှိတော့ အိုကေဘဲပေါ့ …သူဖတ်ဖူးတဲ့ ဟိုပုံပြင်ထဲက မျက်မမြင်တွေ ဆင်ကြီးကို စမ်းသလိုမျိုးစမ်းပြီး ကွန်ပျူတာကို ဘယ်လို ဥပမာပေးကြမလဲ ဆိုတာ သိပ်သိချင်နေတာပေါ့…
ဒီလိုနဲ့ ဘဲ ပထမ ဦးဆုံးတစ်ယောက်ကို ..အခန်းထဲကို ၀င်ခိုင်းပြီး စမ်းစေပါသတဲ့… ခဏနေတော့ ..သူ ပြန်ထွက်လာပြီး ကိုကြီးကျော်ကို ပြောသတဲ့ ..
” ကိုကြီးရာ ..တကယ်တော့ ကွန်ပျူတာဆိုတာ …အပျိုမလေး ရဲ့  ဗိုက်သားလိုပါဘဲလား ဗျာ ..မျက်နှာပြင်ကလေးက ချောမွေ့ နေတာကိုး ” တဲ့ကိုကြီးကျော် သဘောကျ သွားသပေါ့…
ဥပမာကလေးက ကောင်းတော့ သဘောတွေ ကျသပေါ့ ” အင်း …ဒီကောင် မော်နီတာ မျက်နှာပြင်ကို စမ်းမိ သွားပြီဘဲ “
နောက်တစ်ယောက် ၀င်သွားပါသတဲ့ …သူလဲ ..ပြန်ထွက်လာပြီး …
” အော် ကွန်ပျူတာ ဆိုတာ ..အပျိုမ ကလေးရဲ့ ခြေထောက် ကလေးတွေ လိုပါဘဲ ” တဲ့
” အမ် …မင်းက ဘယ်လို စမ်းတာလဲ ” ဆိုတော ” ကျနော် ထိုင်ပြီး စမ်းတာပါ” …တဲ့ “
” အော်…ဒီကောင် …ကွန်ပျူတာ တင်ထားတဲ့ ..စားပွဲခြေထောက်ကို စမ်းမိတာပါလား….ဟားဟား …”
နောက်ထပ် တစ်ယောက် ၀င်ပါသတဲ့ကွယ် ..သူလဲ ပြန်ထွက်လာတော့ ပြုံးစေ့စေ့နဲ့ ..
” ကွန်ပျူတာဆိုတာ ..အပျို မ ကလေးရဲ့  …အသားလိုပါဘဲ ..နှိပ်လိုက်ရင်ခွက်ဝင်သွားတယ်နော် …” တဲ့
” အော် ဒီကောင် ကီးဘုတ်ကို စမ်းမိတာကိုး ” ကိုကြီးကျော် လန့် တောင်နေပါတယ်တဲ့ ..ဒီကောင်တွေရဲ့ ဥပမာက အပျို မ ထဲကကို မထွက် လို့  လေ
နောက်တစ်ယောက်လဲ ထွက်လာပြီး ..
” အပျိုမကလေးရဲ့ ကျောပြင် ကလေးလိုပါဘဲ ညီညာပြန့်ပြူး လို့  “
” အော် ဒီကောင်က မာသာဘုတ် ကို စမ်းမိတာကိုး “
နောက်ဆုံးတစ်ယောက် အထဲကို ၀င်သွားတော့ ကိုကြီးကျော် …စိတ်ဝင်တစား စောင့်နေမိတယ် …သူတို့  ဥပမာပေးတွေက ကောင်းလွန်းနေတာကိုး ကွယ်
နောက်ဆုံးဝင်သွားတဲ့ တစ်ယောက်ကတော့ ..အတင်း ၀ုန်းဒိုင်း ကျဲပြီးပြေးထွက်ရင်း ပြောသတဲ့
” ဟာ ….ကွန်ပျူတာ ဆိုတာ ပါးကို ရိုက်တတ် သဟ ” လို့  ဆိုပြီး ရဲတွတ်နေတဲ့ပါးကို လက်နဲ့  ပွတ်ရင်း ပြောသတဲ့ ..
ကိုကြီးကျော် ပါးစပ်ဟောင်းသား ဖြစ်နေချိန်မှာဘဲ အခန်းထဲ…မိန်းကလေးတစ်ဦးထွက်လာပြီး
” ဒီမယ် ကိုကြီးကျော် ..ရှင့် ကုမ္ပဏီမှာ အတွင်းရေးမှူးလုပ်လာတာ ကြာပြီ..ဒီနေ့  ဘာအချိုး ချိုးတာလဲ ပါးကျိုးသွားချင်လို့လား ..တော်ပြီ
ရှင့်အလုပ်က ထွက်တယ် …” ဆိုပြီး ထွက်သွားပါသတဲ့ ..သည်တော့မှ ကိုကြီးကျော်လဲ..
” ဟိုက် …ငါ့ ..အတွင်းရေးမှူးမ ကို အခန်းထဲက ထွက်ခိုင်းဖို့မေ့သွားပါလား …တောက် ..ဟိုကောင်တွေ ဥပမာတွေက ကောင်းလှပါတယ် အောက်မေ့နေတာ…” တဲ့လေ။

No comments: