မာနခြင်းပြိုင်နိုင်မတဲ့လား?????


အိနြေ္ဒချုပ်ရိုးအောက်က
ဒီဝတ်ရုံကိုမုန်းတယ်
မျှော်လင့်ခြင်းဆိုတဲ့
အိမ်မက်နတ်ဆိုးဒဏ်ကိုမခံနိုင်တော့ဘူး...

ဖွင့်ပြောဖို့ခက်တဲ့
ရင်ထဲကမြတ်နိုးခြင်းတွေ
ကြင်နာစကားတွေ
အားလုံးက မင်းအတွက်ပါ ချစ်သူ...

ချစ်သူ...ငါသိပ်ကြားချင်နေတဲ့
ချစ်တယ်ဆိုတဲ့စကားတစ်ခွန်း
ဒီတစ်သက်
ကြားခွင့်မရှိတော့ဘူးလားဟာ....

ချစ်သူမင်းရဲ့ပြင်းထန်လှတဲ့
စကားလုံးတွေအောက်မှာ
ငါ့နှလုံးသားကြေကွဲခဲ့ရတယ်

ချစ်သူမင်းရဲ့လုပ်ရပ်တွေက
ငြိမ်သက်နေတဲ့ ငါ့မာနကို
နှိုးဆော်ခဲ့တယ်

ချစ်သူသေချာတယ်နော်
မင်းရင်ထဲမှာထင်နေတဲ့ပုံရိပ်က
ငါမဟုတ်ဘူးဆိုတာ

ချစ်သူမင်းသိထားဖို့က
မာနခြင်းပြိုင်ရင်တော့
ငါက
မင်းထက်သာတယ်ဆိုတာပဲ....

No comments: