ရုရှားစစ်သားတွေရှာတွေ့ခဲ့တဲ့ ထူးဆန်းသောသတ္တ၀ါ

Sakhalin Shoreline မှာ ရုရှားစစ်သားတွေဟာ အမည်မသိ သတ္တ၀ါတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ Sakhalin ဧရိယာဟာ ဂျပန်နိုင်ငံနားမှာတည်ရှိပြီး ရုရှားနိုင်ငံရဲ့ အရှေ့ဖက်အကျဆုံး နေရာ တစ်ခု လည်းဖြစ် ပါတယ် ။ ဒါ့အပြင် Moscow မှလည်း အရှေ့ဖက်ကို မိုင် ၅၀၀၀ လောက်ဝေးတဲ့နေရာလည်းဖြစ်ပါတယ် ။
လူတွေ ကတော့ ဒီသတ္တ၀ါဟာ ဘာကောင်ဖြစ်မယ်ဆိုတာ မသိကြပါဘူး ။ အရိုး နဲ့သွားတွေအရတော့ ဒီကောင်ဟာ ငါးတစ်ကောင်မဟုတ်ဘူးလို့တော့ ပြောနိုင်ပါတယ် ။ သူ့ရဲ့ အရိုးဖွဲ့စည်းပုံအရ ဒါဟာ မိချောင်း (သို့မဟုတ်) ဖွတ် တစ်ကောင်လည်းမဟုတ်ပါဘူး ။ သူ့မှာ သားမွှေးတွေနဲ့ အမွှေးတွေပါရှိတဲ့ အရေခွံပါရှိပါတယ် ။ အဲဒီအမည် မသိသတ္တ၀ါကောင်ကို ရုရှားနိုင်ငံကို အထူးလုပ်ဆောင်ချက်အနေနဲ့ နက်ရှိုင်းတဲ့လေ့လာမှုတွေပြုလုပ်ဖို့ သယ်ဆောင်သွားခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော်တို့ဟာ ဒီကောင်ကြီးကို သူတို့ သယ်ယူမသွားခင် ဓါတ်ပုံရိုက် ထားနိုင်ခဲ့တဲ့အတွက် အမည်မသိသတ္တ၀ါကို ပထမဆုံး လေ့လာခွင့်ရတဲ့ ကံကောင်း တဲ့သူများ ဖြစ်ပါတယ် ။

No comments: