လူမှုဆိုင်ရာ ကျင့်ဝတ်များ

သားသမီးကျင့်ဝတ် ၅-ပါး
၁။ ကွေးမွေးမပျက်
၂။ ဆောင်ရွက်စီမံ
၃။ မွေခံထိုက်စေ
၎။လှူမျှဝေ၍
၅။ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ(ကျင့်ဖွယ်သမီးတို့တာ)။


မိဘကျင့်ဝတ် ၅-ပါး
၁။ မကောင်းမြစ်တာ
၂။ ကောင်းရာညွှန်လတ်
၃။ အတတ်သင်စေ
၎။ မေးဝေနှီးရင်း
၅။ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ၅-ပါး
၁။ ညီညာထကြွ
၂။ ဆုံးမနာယူ
၃။ လာမူကြိုဆီး
၎။ ထံနီးလုပ်ကျွေး
၅။ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

ဆရာကျင့်ဝတ် ၅-ပါး
၁။ အတတ်လည်းသင်
၂။ ပဲ့ပြင်ဆုံးမ
၃။ သိပ္ပမချန်
၎။ ဘေးရနဆီးကာ 
၅။ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

လင်ကျင့်ဝတ် ၅-ပါး
၁။ မထီမဲ့ကင်း
၂။ အပ်နှင်းဥစ္စာ
၃။ မိစ္ဆာမမှား
၎။ ၀တ်စားဆင်ယင်
၅။ မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

မယားကျင့် ၀တ် ၅-ပါး
၁။ အိမ်တွင်းမှုလုပ်
၂။ သိမ်းထုပ်သေချာ
၃။ မိစ္ဆာကြဉ်ရှောင်
၎။ လျော်အောင်ဖြန့်ချိ
၅။ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅-ပါး
၁။ မေးကမ်းချီးမြှင့်
၂။ ကိုယ်နှင့်ယှဉ်ထား
၃။ စီးပွားဆောင်ရွက်
၎။ နှုတ်မြွတ်ချိုသာ
၅။ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အလုပ်ရှင် (အရှင်) ကျင့်ဝတ် ၅-ပါး
၁။ ၀စွာကျွေးမွေး
၂။ ပြုရေးစီရင်
၃။ နာလျှင်ကုစေ
၎။ ငှဝေရသာ
၅။ အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ် ငါးခုသာ။

အလုပ်သမား (ကျွန်) ကျင့်ဝတ် ၅-ပါး
၁။ အိပ်သော်နောက်ကျ
၂။ ထသော်ကားရှေး
၃။ ပေးမှယူအပ်
၎။ စေ့စပ်ဆောင်ရွက်
၅။ ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။

ဒါယကာကျင့်ဝတ် ၅-ပါး
၁။ မေတ္တာစိတ်သက်
၂။ ဆောင်ရွက်ချစ်ခင်
၃။ ခင်မင်နှုတ်ချို
၎။ လိုလျှင်ဖိတ်ထား
၅။ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေဒါယကာ။

ရဟန်းကျင့်ဝတ် ၆-ပါး
၁။ မကောင်းမြစ်ထာ
၂။ ကောင်းရာညွှန်လစ်
၃။ အသစ်ဟောကျူး
၎။ နာဖူးထပ်မံ
၅။ နတ်ထံတင်ရာ
၆။ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

No comments: