ကမ္ဘာမြေဆွဲအား သုညအမှတ်တွင် နေထိုင်ရသော အာကာသယာဉ်မှူးများ၏ အခက်အခဲအချို့



၁။ သောက်သုံးစရာ အရည်မှန်သမျှကို အလုံပိတ် ကွန်တိန်နာများတွင် ထိမ်းသိန်းထားရသည်။

၂။ ကြေလွယ်သော ကြွတ်ကြွတ်မွမွမုန့်များ စားသုံးခြင်းမှ ရှောင်ကြဉ်ရသည်။ (အမှုန့်အစ များ ပြန့်ကျဲနိုင်သည့်အတွက်)

၃။ အိပ်သောအခါတွင် နံရံဖြင့်ဆက်ထားသော ကုတင်နှင့် ခန္ဓာကိုယ် ကို ချည်နှောင်ထားရသည်။

၎။ ဆွဲအား သုညအမှတ်တွင်ရှိသောကြောင့် အပေါ်၊အောက် ကွဲကွဲပြားပြား မသိနိုင်ပဲ နံရံ၊ စင်၊ ကြမ်းပြင်များမှာ ဘေးဘယ်ညာ၊ ထက် အားလုံး အတူတူဖြစ်နေ သည်။

၅။ အိမ်သာတက်သောအခါ ခန္ဓာကိုယ်ကို အိမ်သာခွက်ပေါ်တွင် (Velco) ဟူသော ကြိုးဖြင့် ချည်နှောင်ထားရပြီး၊ အိမ်သာ ရေအစား လေကို အသုံးပြုကာ အိမ်သာခွက်သန့်ရှင်းစေသည်။

၆။ ခန္ဓာကိုယ်အလေးချိန်အာ အသုံးမချမရပဲလေဟာနယ်တွင် ပျံ့လွင့်နေခြင်းကြောင့် ကြွက်သား နှင့်အရိုးများ အားနည်းလာနိုင်သည်။ ကမ္ဘာမြေသို့ရောက်သောအခါ လမ်းလျှော်ရာတွင် အားအင်ချိနဲ့ နိုင်သဖြင့် အားကစားပုံမှန် လုပ်နေရန် လိုအပ်သည်။

No comments: