မြန်မာနိုင်ငံရှိ ပင်လယ် ကမ်းခြေ အပန်းဖြေ စခန်းတစ်ခု ဖြစ်တဲ့ ငွေဆောင် ကမ်းခြေရဲ့ အပိုင်း ၂ ထပ်မံ အကောင်အထည်ဖော် တည်ဆောက်ဖို့ အတွက်စီစဉ် ဆောင်ရွက် လျက်ရှိနေပြီး အဆိုပါ တည်ဆောက်မှု ပြီးစီးပါက ငွေဆောင် အပန်းဖြေ စခန်းဟာ အရှေ့တောင် အာရှမှာ အရှည်ဆုံး ပင်လယ် အပန်းဖြေ
စခန်းတစ်ခု ဖြစ်လာမှာ ဖြစ်တယ်လို့ ငွေဆောင် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ငွေဆောင် ကမ်းခြေ အပိုင်း ၂ အကောင်အထည် ဖော်မယ့် စီမံကိန်းကို လာမယ့် ဇွန်လမှ စတင် ဆောင်ရွက်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
ထပ်မံ တည်ဆောက်မယ့် ငွေဆောင် အပိုင်း ၂ စီမံကိန်းဟာ ချစ်သူများ ကျွန်းမှ ငရုတ်ကောင်း ကျေးရွာအထိ ဆက်လက် အကောင်အထည်ဖော် တည်ဆောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းဟာ အလျားအရှည် ၄ မိုင်ခွဲရှိပြီး တည်ဆောက်မှု ကာလ (၄) (၅)နှစ် ကြာမြင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယခု လက်ရှိ မှာတော့ ငွေဆောင် ပင်လယ် အပန်းဖြေ စခန်း တည်ဆောက် ထားမှုဟာ BOB ဟိုတယ် ရှေ့မှ ချစ်သူများ ကျွန်းအထိကို အပိုင်း ၁ အနေနဲ့ တည်ဆောက် အကောင်အထည် ဖော်ထားပြီး ကမ်းခြေ အရှည်မိုင် ၄ မိုင် ရှိတယ်လို့ သိရပါတယ်။ ယခု လက်ရှိ ငွေဆောင် ဇုန်အပိုင်း ၁ မှာတော့ ဟိုတယ် အလုံး အရေအတွက် ၂၁ လုံးရှိပြီး အပိုင်း ၂ မှာ ပါဝင်မယ့် ဟိုတယ် အရေအတွက် ကိုတော့ အတိအကျ မသိရသေးဘူးလို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment