နှစ်ပေါင်း ၃.၄ သန်းရှိ လူသား ဖြစ်တည်မှု အကြို ရုပ်ကြွင်းများ တွေ့ရှိ


အမေရိကန် သိပ္ပံပညာရှင်များမှာ တစ်ချိန်က လူသား ဖြစ်တည်မှု အကြို မျိုးနွယ်စုများဟု သတ်မှတ်ခဲ့သည့် အရိုးစု ရုပ်ကြွင်းများကို တွေ့ရှိခဲ့ကာ
သက်တမ်း နှစ် ၃ သန်းကျော် ရှိပြီဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုလို တွေ့ရှိမှုကို ကြာသပတေး နေ့တွင် ထုတ်သည့် ဗြိတိန်ရှိ Nature ဂျာနယ်တွင် ဖော်ပြခဲ့သည်။

 အမေရိကန် ပြည်ထောင်စု Cleveland ရှိ Case Western Reserve တက္ကသိုလ်မှ သုတေသန ပညာရှင်များမှာ အီသီယိုးပီးယား နိုင်ငံတွင် တူးဖော် တွေ့ရှိခဲ့သည့် အရိုးစု အစိတ်အပိုင်းပေါင်း ငါးသောင်းခန့်ကို ဆန်းစစ်ရာမှ တစ်ဆင့် ယခုလို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ယင်းအစိတ်အပိုင်းများထဲမှ ၈ ခုမှာ လွန်ခဲ့သည့် နှစ် ၃.၄ သန်းက အကြို လူသားတစ်ဦး၏ ညာဘက် ခြေထောက်ရိုး ဖြစ်ကြေင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ လူမှာ ကုတ်နိုင်သည့် ခြေချောင်းများ ပါဝင်ပြီး သစ်ပင်များ ထက်တွင် နေထိုင်ခဲ့ပုံရကြောင်းလည်း ပြောသည်။ ယခု တွေ့ရှိမှု မတိုင်မီကလည်း အီသီယိုးပီးယားတွင်  Lucy ဟု အမည်ရသည့် ကမ္ဘာဦး လူသား တစ်ဦး၏ အရိုးစု အကြွင်းအကျန်များကို တွေ့ရှိခဲ့ဖူးကြောင်း NHK သတင်းတွင် ဖော်ပြခဲ့သည်။
source : NHK news

No comments: