ချော့ကလက် စားသုံးခြင်းဖြင့် သွယ်လျမှုကို ရရှိနိုင်


အသစ် ထွက်ပေါ်လာသည့် သုတေသန တစ်ရပ်အရ ချော့ကလက်ကို ပုံမှန် စားသုံးခြင်းဖြင့်  ပိုမို ပိန်သွယ် သွားစေကြောင်း တွေ့ရှိခဲ့ရပြီ ဖြစ်သည်။ အဆိုပါ
လေ့လာချက်မှာ လူပေါင်း ၁၀၀၀  ခန့်ကို ဆန်းစစ်ပြီး ရရှိလာခြင်း ဖြစ်ကာ အမေရိကန် ပြည်ထောင်စုရှိ လူများ အကြားတွင် အစာ စားသုံးသည့် ပုံစံဖြစ်သည့် ကယ်လိုရီ စားသုံးမှုနှင့် ၎င်းတို့၏ ခန္ဓာကိုယ် အညွန်းကိန်  BMI  ဖြင့် တိုင်းတာပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေ့လာချက် အရ ချော့ကလက်ကို တစ်ပတ်လျင် အနည်းငယ် ပုံမှန် စားသုံးသူများမှာ တစ်ခါတစ်ရံမှသာ စားသုံး သူများထက် ပိုမို ပိန်သွယ်ကြသည် ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ချော့ကလက်မှာ ကယ်လိုရီများဖြင့် ပြည့်နေသော်လည်း ကိုယ်အလေးချိန်ကို လျော့ကျစေမည့် ပါဝင် ပစ္စည်းများ ရှိနေကာ ယခုလို ဖြစ်စေခြင်း ဖြစ်သည်။ ကယ်လိုရီ များပြားစွာ ပါဝင်နေသော်လည်း ပုံမှန် ချော့ကလက် စားသုံးခြင်းဖြင့်  BMI ကို လျှော့ချစေသည့် အချက်နှင့် ဆက်စပ်နေကြောင်း သိပ္ပံပညာရှင်များမှ ယုံကြည် ထားကြသည်။

No comments: