အရောင်ပြောင်းလဲနိုင်သော မှင်တံ



ပုံမှာ မြင်တွေ့နေရတာကတော့ ကိုရီးယား ဒီဇိုင်နာ တစ်ဦးမှတီထွင်ထားတဲ့ မင်တံ ဖြစ်ပါတယ်။ သူ့မှာ ထူးခြားချက်တစ်ခုရှိပါတယ်။


ဒါကတော့ သဘာဝပတ်ဝန်းကျင်က အရောင်တွေကို Scan ဖတ်ပြီး ၄င်းနဲ့ လိုင်လျော်ညီထွေတဲ့အရောင်အသွေးကို ပြန်လည် ထုတ်ယူရေးဆွဲနိုင်ခြင်း ဖြစ်ပါတယ်။


ပုံမှာတော့ မင်တံကို သစ်ရွက်နဲ့တေ့ပြီး Scan ဖတ်ပါတယ်။ ထို့နောက် စာရွက်ပေါ်မှာ သစ်ရွက်ပုံရေးဆွဲလိုက်တဲ့အခါမှာ တကယ့်အပြင်က သစ်ရွက် အရောင်နဲ့ တစ်ထပ်တည်း ကျစေခဲ့ပါတယ်။


သဘာဝပတ်ဝန်းကျင်က အရောင် (Color) ကို (Pick) ကောက်ယူမယ်။ ပြီးတော့ physical drawings တွေမှာ လက်တွေ့အသုံးချမယ်။ ဒါကြောင့်မို့ သူ့ကို Color picken pen လို့အမည်ပေးထားပါတယ်။

No comments: