အမေ


အမေခေါင်းဟာ ဆံပင်တွေဖြူပြီး မေ့တတ်ရင်မေ့တတ်မယ်
သင့်ကိုတော့ လုံးဝအမှတ်ရနေပါလိမ့်မယ်...
အမေ့မျက်စိဟာ မှုန်ရင်မှုန်နေလိမ့်မယ် သင့်ပုံရိပ်ကိုတော့
ကောင်းကောင်းမြင်နိုင်ပါလိမ့်မယ်...
အမေဟာ စကားပီပီသသ
ပြောချင်မှပြောနိုင်လိမ့် မယ်
သင့်ကိုတော့ သား(သမီး) လို့ ပီပီသသ ခေါ်နိုင်ပါလိမ့်မယ်..
အမေလက်တွေဟာ တုန်ရင်ချိနဲ့ပြီး ကောင်းကောင်းလှုပ်လို့ရချင်မှ ရမယ်
သင့်ကိုနွေးထွေးစွာဖက်ထားဖို့တော့ အားအင်တွေကျန်ပါလိမ့်မယ်...
အမေခြေထောက်တွေဟာ လမ်းကောင်းကောင်း
လျှောက်ဖို့ သန်မာချင်မှ သန်မာလိမ့်မယ်...
သင်ရှိရာကို လာလည်ဖို့ တောင်ဝှေးတစ်ချောင်းသာ
လိုပါလိမ့်မယ်....
အမေဟာ အိပ်ယာပေါ်မှာ လဲရင် လဲနေပါလိမ့်မယ်
သူ့ရဲ့ စိတ်ကတော့ သင့်နှလုံးသားမှာ မှီတွယ်နေပါလိမ့်မယ်.....
ကမ္ဘာပေါ်မှာ မိန်းမ တွေ အများကြီးထဲမှ သင့်ကို အချစ်ဆုံးသော
မိန်းမဟာ သင်၏ အမေပင်ဖြစ်ပါတယ်....

No comments: