ဒါလေးတော့ခွင့်ပြုပေးပါ့လား ကောင်မလေးရယ်
ကောင်မလေးရေ....
အချစ်ဆိုတာ..
ရယူခြင်းမဟုတ်ရင်..
ပေးဆပ်ခြင်းတွေကို..
ငါပြုလုပ်ပါရစေ...။
ကောင်မလေးရေ....
နင်ဝမ်းနည်းနေတာ..
ငါ့ကြောင့်မဟုတ်ပေမယ့်..
နင့်ကိုသနားလွန်းလို့..
ငါငိုပါရစေ..။
ကောင်မလေးရေ....
နင့်စကားချိုချိုတွေ..
နှလုံးသားကမဟုတ်လည်း..
ပြောနေသမျှတွေကို..
ငါယုံကြည်နေပါရစေ..။
ကောင်မလေးရေ....
ငါကနင့်အတွက်.
essential မဖြစ်ရရင်လည်း..
အဖြည့်ခံဘ၀နဲ့ပဲ..
ငါကျေနပ်ပါရစေ..။
ကောင်မလေးရေ....
ထာဝရမလာချင်ရင်တောင်
နင်ခဏတာခိုဝင်ဖို့အတွက်..
ငါ့ရင်ခွင်ကိုငါငှားပါရစေ..။
ကောင်မလေးရေ....
ငါကနင့်အတွက်အညတရလေးမို့
ငါ့ဘ၀ထဲဝင်မလာရဲရင်တောင်..
ငါလွမ်းနေပါရစေ..
ငါချစ်နေပါရစေ..
ငါတမ်းတနေပါရစေ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment