ကြယ်တွေ စုံတဲ့ည
ကောင်းကင် ဆီကို မျှော်မှန်းရင်း
အတွေးများ မင်းဆီ ဖြန့်ထားခဲ့
ဟိုးးးးးးးးးးးးးးးးးးးးးးးးး အဝေးဆီက
အပြာရောင် တောင်းတန်းများတစ်ဘက်မှာ
မင်းရှိ နေမလား......။
လရောင် ရဲ့ရင်ခွင်က
တောင်တန်းများအကြား
ဧ၀ရတ် ရယ် လို့ မခွဲခြားတက်သလို
မင်း ရှိမယ့် အရပ်ကို
မှန်းဆရ ခက်လိုက်တာ .... ။
ဓူဝံကြယ် သည်
မြောက်အရပ်မှာ ရှီပါသည် လို့
ငယ်စဉ် ကလို ရွတ်ဆိုမိတော့လည်း
ငါ့ရဲ့ တည်နေရာ
ငါကိုယ်တိုင် မသေချာတဲ့ အဖြစ်
မင်း ရှီရာကို
ဘယ်လို တမ်းတ မှန်းဆရပါ့...။
ဘယ်လိုပင် ဖြစ်ဖြစ်
ဘယ်နေရာ ပဲ ရောက်ရောက်
ဘယ်အရပ်မှာ ပဲ နေနေ
ကိုယ့် နှလုံးသား က
အကြင်နာ စကား
မင်းနှလုံးသား လွင်ပြင်ရပ်ဝန်းဆီ
မှန်းဆ ၍ လေပြေနှင့် အတူ
အမှာတော် ပါးလိုက်ပါဘိ...။
๑۩۞۩๑ မင်းကိုအရမ်းသိပ်ချစ်တယ် ๑۩۞۩๑
No comments:
Post a Comment