ပွဲခါညောင်ရေ သွန်းမြဲပေတည်း။ ရိုသေသဒ္ဒါ တောင်းဆုပဏ္ဏာချွေ။
နှစ်တိုင်း နှစ်တိုင်း စွဲမြဲဆင်နွဲလာတာတွေ ပွဲ...ပွဲ... ပွဲခါညောင်ရေ။
အိုးကလေးရွက်ကာ သဒ္ဒါတွေဖြာဝေ လန်းဆန်းတဲ့ သပြေပန်း ရေချမ်း။
ယမင်းပျိုတွေ အဆင်းကကျော့ရှင်း ရုပ်ရည်။ ပိတုန်းရောင် ထုံးနှောင်ကေသာ သိုးမွှေးစည်းလို့ အလှကြီးလှနေ။ အင်္ကျီမှာ ရွှေကြယ်စီလို့ ပင်နီချောနဲ့ ယောဝတ်ကာ တော်ဓလေ့နဲ့ ပျော်မွေ့နေ။
(လှကျေးခင် ရွှေစင်အိရယ် ပျို့ချစ်သူ ဘယ်မှာရှိတယ်) ၂။
(အိုအိုမလေ... ကိုကိုရေ လှည်းကလေးနဲ့ ကြိုလှည့် ညိုနွဲ့ မကိုဋ်အလှ လိုက်ပါ့မယ်... သလေတော့) ၂။
ပင်ကုက္ကိုလ် ညိုညိုအောက်က မောင့်ကိုယ်တိုင် ထိုင်ကာစောင့်ပါ့ ပိတောက်တစ်မေ့ နောက်တစ်ကွေ့ တစ်ယောက်တွေ့မယ်လေ တွဲပါ နွဲပါ ပွဲခါညောင်ရေ။
No comments:
Post a Comment