အိပ်မက် အဟော
ကျွှန်တော်တို့ မြန်မာ လူမျိုးများသည်
ရှေးယခင်ကပင် အိပ်မက် မက်လျှင်
အတိတ် တဘောင် အဟောများနှင့်
အရာရာကို လုပ်ကိုင်ဆောင်
ရွက်ခဲ့ကြပါသည်။ချဲ ထီ နှစ်လုံးများ ခေတ်စားလာသော အခါ
အလောင်းအစား ဘက်တွင်
အတိတ်နမိတ်များ ကောက်၍ ချဲ
ထီ နှစ်လုံး ထိုးကြပါသည်။
ယခု ကျွှန်တော် တင်ပြချင်သော အိပ်မက်အဟောမှာ တကယ့်လက်တွေ့
နယ်ပယ် တွင်အသုံးဝင်ပါ
လိမ့်မည်ဟု မျှော်လင့်ပါသည်။
ယုံကြည်သူများ ရှီကြသလို မယုံကြည်သူများလည်း
ရှီကြပါ၏။ မည်သို့ပင်ဆိုစေကာမူ...... စာဖတ်သူ ပရိတ်သတ်အား
မြန်မာလူမျိုးတို့၏ အတိတ်နမိတ် အား အနည်းငယ်သိသင့်သိထိုက်သည်ကို
တင်ပြလိုက်ရပါသည်ခင်ဗျာ........................
နေကျက်သည်ကိုမြင်သော် ဥာဏ်ကြီးသောသားရအံ့၊
ဘုရား၊စေတီ၊ရုပ်ပွားတော်တို့ကိုမြင်မက်သော် ကျော်ဇော်အံ့ ၊
ရဟန်း၊သာမဏေမြင်မက်သော် နတ်တို့နှစ်သက်အံ့၊
အသီးအပွင့်မြင်မက်သော် ရွှေ၊ငွေ ပေါကြွယ်ဝအံ့၊
အိမ်မီးသည်ကိုမြင်မက်သော် ဘေးတွေ့အံ့၊
ခရုသင်းမြင်မက်သော် ချမ်းသာအံ့၊
လူသေမြင်မက်သော်အကြံအောင်အံ့၊
မုန်တိုင်းကျသည်ကိုမြင်မက်သော် သောကရှိအံ့၊
ဓား၊လှံ့အရောင်လက်သည်ကိုမြင်မက်သော် ဘုန်းကြီးအံ့၊
သွေးသောက်ရသည်ကိုမြင်မက်သော်ပညာတိုးအံ့၊
အပုပ်စားအန်သော် ဘေးတွေ့အံ့၊
သည်းထန်စွာငိုရသည်ဟုမက်သော် ကျော်ဇောအံ့၊
ပွဲလမ်းသဘင်မြင်မက်သော် ဘေးကြုံအံ့ ၊
နို့သောက်ရသည်မက်သော် လာဘ်ပွင့်အံ့၊
ဆင်၊နွား ၊မြင်းရထားစီးရသည်ဟုမြင်မက်သော် ကောင်းစားအံ့၊
ကောင်းကင်သို့ပျံတတ်သည်ဟု အိမ်မက်သော် ထင်ရှားအံ့၊
ကိုယ်အရောင်ထွက်သည်ဟုမြင်မက်သော် သားသမီးဘေးတွေ့အံ့၊
သွေးမြင်မက်သော် ဘုန်းကံတိုးအံ့၊
ထီးဆောင်းရသည်မက်သော် ထင်ပေါ်အံ့၊
လူသားစားရသည်မက်သော် လာဘ်ရအံ့၊
ဓာတ်တော်ရသည်မက်သော် ကျက်သရေတိုးအံ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment