ဒီမိုကရေစီ၏ အနှစ်အရသာသည် ပြည်သူထံမှ ဆင်းသက်လာသော အာဏာပို ပြည်သူတို့ အတွက် ပြည်သူတို့ ထံသို့ ပြန်လည် စီးဆင်းစေ ခြင်းပင်ဖြစ်သည်။ မျက်မှောက် မြန်မာ နိုင်ငံတွင် စည်းကမ်း ပြည့်ဝသော ဒီမို ကရေစီကို ကျင့်သုံးနေ ပြီဖြစ်သည်။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ ဆိုသည်မှာ အမျိုးသားရေး ဝါဒ၊ အမျိုးသားရေး စံများကို အခြေခံ၍ စည်းစံနစ် ကျကျ ဖြစ်ပေါ် တိုးတက် လာရမည့် ဒီမိုကရေစီကို ခေါ်သည်။ “ဒီမိုကရေစီ သည် ပြည်သူတို့က ၎င်းတို့၏ ကိုယ်ပိုင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စနစ်များနှင့် ဆိုင်သော ဆုံးဖြတ်ချက် များကို လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့်နှင့် ၎င်းတို့၏ လူမှုဘဝ တစ်ခုလုံး အပြည့်အဝ ပါဝင်နိုင်ခွင့်အပေါ် အခြေခံသည့် တန်ဖိုးတစ်ရပ်ဖြစ်သည်” ဟု ဒီမိုကရေစီ၏“ စံ” ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ (၂၀၀၇)က အဓိပ္ပါယ် ဖွင့်ဆို ပြထားသည်။
လွတ်လပ်ခြင်း ဆိုသည့် အရသာကို တန်ဖိုးရှိရှိ သုံးတတ်ရန် အတွက် ပြည်သူ တစ်ရပ်လုံးတွင် ရှိနိုင်မည် ဆိုသည်မှာ ခဲယဉ်းပါသည်။ လွတ်လပ်ခွင့်ကို အခွင့်ကောင်းယူ စည်းလွတ် ဘောင်ကျော် ဖြစ်သွား တတ်သည်မှာ ပုထုဇဉ် လူသား တို့၏ ယေဘူယျ ဖြစ်စဉ်တစ်ခုအဖြစ် ဖြစ်ပေါ်လျက်ရှိနေသည်။
ဒီမိုကရေစီ၊
ဒီမိုကရေစီဟု ပြောဆို ဟစ်အော်နေသော မြန်မာနိုင်ငံ အပေါ် ဆန့်ကျင်ကန့်ကွက်
နေသူများသည် အမှန်စင်စစ် ဒီမိုကရေစီ အကြောင်း သိသူ ရှိသကဲ့သို့
အများပြောသဖြင့် လိုက်ပြောတာ မျိုးလည်း ရှိနိုင်ပါသည်။ ဒီမိုကရေစီ
ဆိုသည်မှာ ဒီမိုကရားစီးရားဆိုသော ဂရိ ဘာသာစကားက ဆင်းသက်လာခြင်း ဖြစ်ပြီး
အဓိပ္ပါယ် ကတော့ ပြည်သူ အများက အုပ်စိုးခြင်း ဖြစ်ကြောင်း မှတ်သားဖူး ပါသည်။
ဒီမိုကရေစီ နိုင်ငံ ဆိုသည်မှာ အရာအားလုံး ပြီးပြည့်စုံသော နိုင်ငံဟု
အများစုက ထင်မှတ် နေကြပါသည်။ ဒီမိုကရေစီကို ကိုယ်တွေ့ မကြုံဘူး သူများ
အနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရနှင့် လိုက်နာရမှု ပူးပေါင်း လုပ်ဆောင်ရမှု
စည်းကမ်း စနစ်တကျ ရှိမှုများကို နိုင်ငံရေး အတွေ့အကြုံ ရင့်ကျက်မှု ပေါ်တွင်
သင်ခန်းစာ ယူပြီး ပြုစု ပျိုးထောင်ကြရမည် ဖြစ်ပေသည်။
ဒီမိုကရေစီအား
နတ်ဆေးကြီးကဲ့သို့ အစွမ်းထက်မှာပဲဟု သုံးစွဲနေကြသော တစ်နည်းအားဖြင့်
မြန်မာနိုင်ငံ အပေါ် ဒီမိုကရေစီ ပေါ်ထွန်းရေးဟု အကြောင်းပြပြီး နိုင်ငံရေး
စွက်ဖက်မှုများ လုပ်ဆောင်နေသော ယနေ့ အနောက် ဒီမိုကရေစီ နိုင်ငံကြီးများတွင်
မြင်တွေ့ရသော လူမှုရေး ဖောက်ပြန် ပျက်စီးမှု၊ ရက်စက် ကြမ်းကြုတ်သော
အကြမ်းဖက်မှု၊ နိုင်ငံထိပ်သီး ခေါင်းဆောင်ကြီးများကြား အကျင့်ပျက်မှု၊
အလုပ်လက်မဲ့ဖြစ်မှု၊ နေစရာ မရှိသဖြင့် လမ်းဘေး အိပ်ရသူများ
ရှိမှာမဟုတ်ပါဘူး။ လူ့လောက၏ မကောင်းမှု မှန်သမျှ အဆိုပါ ဒီမိုကရေစီ
နိုင်ငံကြီးများက စခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည့် သဘောသက်ရောက် နေပါသည်။
ကမ္ဘာ့လူသား
အားလုံး၏ ဆန္ဒ၊ မျှော်လင့်ချက် ပန်းတိုင်မှာ မတရားမှု၊ ဒုစရိုက်မှု၊
ရက်စက်ကြမ်းကြုတ်မှု၊ လူသတ် စစ်ပွဲများ ကင်းစင်သော ဗြဟ္မပါလ
နိုင်ငံတော်ကြီးဆီသို့ အရောက်သွားရန် ဖြစ်ပါသည်။ နည်းစနစ် အမျိုးမျိုးနှင့်
အဆိုပါ နိုင်ငံတော်ကြီး ဆီသို့ ချီတက်ကြရာတွင် ဒီမိုကရေစီ ဆိုသော
အမူအကျင့် နည်းစနစ်များကို လက်တွေ့ အကောင်အထည် ဖော် လျှောက်လှမ်း ကြရမည်
ဖြစ်ပါသည်။
အင်္ဂလိပ်လို DEMOCRACY ဆိုတာ Dနဲ့စတဲ့ ပထမစာလုံးက အရေးကြီးဆုံး ဖြစ်ပါသည် -
D -
|
Discipline
|
=
|
စည်းကမ်းရှိခြင်း
|
E -
|
Education
|
=
|
အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ
|
M -
|
Maturity
|
=
|
ရင့်ကျက်မှု
|
O -
|
Objectivity
|
=
|
ဓမ္မဓိဋ္ဌာန်ကျခြင်း
|
C -
|
Common Cause
|
=
|
ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံး
ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ ပကတိ
အရှိတရားကို အခြေခံတဲ့ လွတ်လပ်ရေး အဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး
|
R -
|
Reality
|
=
|
သဘာဝကျခြင်း၊ လူမှုဆက်ဆံရေးဘ၀မှာပါဝင်လှုပ်ရှားနေရခြင်း၊
|
A -
|
Adaptability
|
=
|
ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်တည်မှု၊
|
C -
|
Comrade
|
=
|
သေအတူ ယှဉ်မကွာ ရဲဘော်ရဲဘက်များ
|
Y -
|
Youthful
|
=
|
ငယ်ရွယ်နုနယ်
ပျိုမြစ် လန်းဆန်းခြင်း ဟု အဓိပ္ပါယ်ဖွင့်ဆိုရမှာ ဖြစ်ပါသည်။ ငယ်ရွယ်
နုပျို လန်းဆန်းခြင်း ဆိုခြင်းမှာ အသက်အရွယ်ကို ဆိုလိုခြင်းထက်
နိုင်ငံရေးအရ ရင့်ကျက်မှု၊ ယင်း ရင့်ကျက်မှုအပေါ်မှာ ထာဝရနုပျို
လန်းဆန်းခြင်းကို လေးနက်သော အဓိပ္ပါယ်ဖြင့် ဖွင့်ဆိုထားခြင်း ဖြစ်ပါသည်။
|
အတိတ် ဖြစ်စဉ်များအရ နယ်ချဲ့ မီဒီယာများ ဖြစ်သော BBC, VOA, RFA, DVB စတဲ့ လေလှိုင်းသံများကို ယနေ့ ပြည်သူများ ယုံမှတ်ပြီး ယင်းတို့ သွေးထိုးသမျှ လိုက်ပါ လုပ်ဆောင်ပါက မြန်မာ နိုင်ငံကြီးသာ ပြိုကွဲ ပျက်စီးပြီး အနိဋ္ဌာရုံ များနှင့်သာ ကြုံတွေ့ ခံစားကြရမည် ဖြစ်ပါသည်။ ယနေ့ ပြည်သူများ၏ ဆန္ဒအမှန်မှာ တည်ငြိမ် အေးချမ်းမှုကို လိုလားသည်၊ ဖွံ့ဖြိုး တိုးတက်မှုကို လိုလားသည်၊ ဆူပူ အကြမ်းဖက်မှုကို မလိုလားကြပါ၊ တည်ငြိမ် အေးချမ်းမှ ဒီမိုကရေစီ ဖော်ဆောင် အောင်မြင်နိုင်မှာ ဖြစ်ပါသည်။ တည်ငြိမ် အေးချမ်းမှ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် နိုင်ပါသည်။ မင်းမဲ့စရိုက်ဖြင့် ဒီမိုကရေစီ မရနိုင်ပါ။
No comments:
Post a Comment