မချစ်တော့ရင်လည်း မုန်းပစ်လိုက်
ငါနင့်ကို အမြဲချုစ်နေမယ်လို့ပဲ ကတိပေးခဲ့တာ
နင်ငါ့ကို အမြဲချစ်နေပါလို့ မတောင်းဆိုခဲ့ဘူး
မလိုအပ်တော့ရင်လည်း ထားခဲ့လိုက်
ငါနင့်ကို ဘယ်တော့မှ မထားခဲ့ဘူးလို့ပဲ ပြောခဲ့တာ
နင်ငါ့ကို ဘယ်တော့မှ မထားခဲ့ရဘူးနော်လို့ မပြောခဲ့မိဘူး
နင်မချစ်လည်း ငါဆက်ချစ်မယ်
နင်ထားသွားလည်း ငါနေခဲ့မယ်
ငါ့ကတိတွေအတိုင်း
ငါနင့်ကို မမုန်းဘူး
ငါနင့်ကိုမထားခဲ့ဘူး
နင်ထားခဲ့တဲ့နေရာမှာ
နေသားတကျဖြစ်အောင်ကြိုးစားရင်း
နင့်ကို ထာဝရထက် ထာဝရဆုံးအထိချစ်နေမှာ...
No comments:
Post a Comment