သင်သေသွားသော်



သြော် …… လူ.ပြည်လောက၊ လူ.ဘဝကား
အိုရ နာရ၊ သေရ ဦးမည်
မှန်ပေ သည်တည်.။။။

သို.တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို.မြေသည်
အခြေတိုးမြင်.၊ ကျန်ကောင်းသင်.၏။။။

သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင်.၊ ကျန်ကောင်းသင်.၏။။။

သင်ဦးချ၍ ၊ အမျှဝေရာ
စေတီသာနှင်.၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်၊ဝင်းလျှက် ကျန်စေသတည်း။။။

ဆရာ ဇော်ဂျီ ရဲ့ ၁၉၃၅ ခု ဒီဇင်ဘာလထုတ် အိုးဝေ မဂ္ဂဇင်း မှာ ဖော်ပြခဲ့တဲ့
ကဗျာ လေးကို ပြန်လည် တင်ပြလိုက်ပါတယ်ခင်ဗျာ။ —