** လွမ်းတယ်ဆိုတဲ့စကားနဲ့  ...

မလုံလောက်မှန်းတော့ ငါ လဲသိတယ်
....
အတိတ်ဆိုတာ တသဆွေးနေရမယ့်အရိပ်ပဲလေ...
ငါ မင်း ကိုချစ်ခဲ့တယ်ဆိုတာ...
ဘာအထောက်ထားနဲ့မှ ငြင်းလို့ မရဘူး.....
အမှတ်တမဲ့ ဆိုတာလည်း...
အမှတ်တရရဲ့ မြစ်ဖျားခံရာပဲ.......
စတွေ့ ဖူးတယ်ဆိုကတည်းက ခုအချိန်ထိ
ငါ့မျက်လုံးနဲ့ ကြည့်မယ်ဆိုရင်...
နေရာတိုင်းမှာ နင့်မျက်နှာတွေချည်းပဲလေ.....
ခဏလေးပဲဖြစ်ဖြစ်ပေါ့ အခွင့်ရှိခဲ့ရင်
အတူဆုံခဲ့ဖူးတဲ့နေ့ တွေကို ပြန်လိုချင်နေမိတယ်
တို့ အတူပျော်ခဲ့တဲ့ ရေတစ်ပွက်စာအခိုက်တန့် လေး...
ဘယ်အချိန်ပဲ တွေးတွေး......
ငါ့ဘယ်ဘက်ရင်အုံဟာ နွေးနွေးလေးပါပဲချစ်သူ.........!