ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၂/ ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း
စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-
(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ
(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ
(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှုးမြို့နယ် မဲဆန္ဒနယ်
(ခ) ဦးလွန်းသီ အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်
(ဂ) ဦးသန်းမြင့် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်
(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်
(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်
(စ) ဦးခင်မောင်ရီ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်
(ဆ) ဦးအောင်ကြည်ညွှန့် အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်
(ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်
ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
(ဈ) ဦးမျိုးညွှန့် အဖွဲ့ဝင်
အထွထွေအေတွင်းရေးမှူး
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
(ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်
Chairman, Myanmar Environmental Institute
(ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်
သံအမတ်ကြီး (ငြိမ်း)
မြန်မာနိုင်င်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
(ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်
Senior Consultant on Social Assessment
Myanmar Environmental Institute
(ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်
စာရေးဆရာ
(ဎ) ဦးဝင်းထိန် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဝန်ကြီးဌာန
(ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(တ) ဦးတင်မြင့် အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန
(ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်
ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
(ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်
ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ပညာရေးဝန်ကြီးဌာန
(န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်
Myanmar Peace Center
(ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
(ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
(ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
ကျန်းမာရေးဝန်ကြီးဌာန
(ဘ) ဦးနေဦး အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးအထွထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
(မ) ဦးဝင်းကြည် အဖွဲ့ဝင်
ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
(ယ) ဒုတိယဗိုလ်မှုးကြီးအောင်သန်း အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန
(ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်
ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်
ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဝ) ဦးဘိုဌေး အဖွဲ့ဝင်
တုံရွာမ၊ တုံကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(သ) ဦးစစ်မြိုင် အတွင်းရေးမှူး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက် စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုချက်တင်ပြရမည်-

(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊
(ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊
(င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊
(စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊
(ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(ဇ) ကော်မရှင်၏ အထွထွေေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။
၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ်မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.myawady.com.mm/allnews/localnews/item/606-2012-12-01-14-17-48