H@PPY ANNIVERS@RY ပါ ချစ်သူ....


တစ်နေ့တစ်ခြား တိုးလာတဲ့ အချစ်တွေကြောင့်
သူငယ်ချင်းဆိုတဲ့ နယ်ခြားစည်းကို ခွင့်ပြုချက်တွေနဲ့
ဖြတ်ကျော်လာခဲ့တာ ဒီနေ့ဆိုရင်.........
တစ်နှစ်တောင်မှ ပြည့်ခဲ့ပြီနော် ချစ်သူ....။

အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့တာတွေ
ရှိခဲ့ပေမယ့် ဒို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်
ဖြူစင်သန့်ရှင်းတဲ့ မေတ္တာအကြင်နာတွေကြောင့်
နားလည်မှု့ဆိုတဲ့ လက်နက်နဲ့ ဖြေရှင်းလာခဲ့တာ
ဒီနေ့လေးအထိတောင် ရောက်ရှိခဲ့ပြီနော်...။ ရှေ့ဆက်ပြီးတော့လည်း အခုလိုရက်မျိုးလေး..  ထာဝရ ပိုင်ဆိုင်သွားကြရအောင်နော် ချစ်သူ....။ ဘယ်လိုပြဿနာတွေ ဘယ်လိုအခက်အခဲတွေပဲ ကြုံကြုံ ချစ်သူ့လက်ကို တွဲပြီးတော့ နောက်မဆုတ်တမ်း ဖြေရှင်း ရင်ဆိုင်ကြမယ်နော်ချစ်သူ....။
အခန့်မသင့်လို့ ရေခြားမြေခြားမှာ နေရပေမယ့် ဒီရင်ထဲမှာ ချစ်သူတစ်ယောက်သာ အမြဲရှိနေခဲ့တာပါ ချစ်သူ...။
တာဝန်တွေ ၀တ္တရားတွေ ကြားထဲမှာ မအားမလပ်တဲ့ကြားထဲက  စိတ်တွေက ခိုးခိုးပြီးတော့ ချစ်သူဆီကို အရောက်လာလာနေတာ ချစ်သူကော..... သိရဲ့လားကွာ..။
ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူလေးက လမ်းပြကြယ်လေးပါ။
ကိုယ့်အတွက် တောက်ပစေမဲ့ အားအင်အလင်းတန်းတွေနဲ့အတူ ဓူဝံကြယ်လေးလို အမြဲတမ်းမပြောင်းလဲပဲ
လမ်းပြဖော်ဆောင်ပေးပါ ချစ်သူ....။
ကိုယ်ဟာ ချစ်သူနဲ့ ပါတ်သက်လာရင် အချစ်ငတ်သူ တစ်ယောက်ပါ... ချစ်သူရေ....။
H@PPY ANNIVERS@RY ပါ ချစ်သူ....။