သတိ ... သတိ .... သတိ


အမှောင်အတွင်း ဆင်းသက်နှင်းသော် သံသရာဟုခေါ်နိုင်သည်.
အမှောင်အတွင်း မှရုန်းထွက်ခြင်းသည် မှန်ကန်သော သတိရှိရမည်.
မိမိအသိ သတိနှင့်ယှဉ် လောဘနည်းရမည်.
လောဘနည်းက ဒေါသများ ဖြစ်ငြားမရှိပြီ.
ဒေါသ မရှိ ထို အသိ သတိကပ်ရမည်.
သတိကပ်က ချမ်းသာရ မောဟ ပယ်နိုင်သည်။
သတိကပ်ကာ ဆင်ခြင်ရာ စိတ်သည် အေးချမ်းမည်။
စိတ်အေးချမ်းကာ နောက်ဆက်မှာ ပီတိ ဖြစ်လိမ့်မည်.
မိမိ ပီတိ သတိရှိ မမြဲ သိရမည်။
မမြဲ အမှန် ထိုကြောင်းဟန် သုံးသပ် ဆင်ခြင်မည်။
သုံးသပ်ပြီးက ပိုင်းခြားရ အမြဲဝေဖန်မည်.
ဝေဖန်ပြီးလျှင် သတိယှဉ် သင့်မသင့် ဆုံးဖြတ်မည်။
သင့်သည်ထင်ကာ ပြုလုပ်ရ လုပ်စဉ် သတိရှိရမည်။
လုပ်စဉ်သတိ အမြဲရှိ ဖြစ်ပျက် မြင်နိုင်သည်.
ဖြစ်ပျက် နှစ်တန် ထိုကြောင်းဟန် ဆက်စပ် နေရသည်.
ဆက်စပ်ခြင်းအား သတိထား သံသရာလည်တာလျှော့ရမည်.
ကုသိုလ် အကုသိုလ် အကြွေးကို ဧကန်ဆပ်ရမည်.
အကြွေးဆပ်စဉ် သတိယှဉ် ကြွေးသစ် မယူပြီ.
ကြွေးဟောင်းကြေက ချမ်းသာရ သံသရာ တိုလိမ့်မည်.
အကြွေးရှင်များတောင်းသော်ငြား ခိုင်မြဲစိတ်ကို တည်.
စိတ်ဓါတ်မကျထို အစွမ်းက ရဲဝင့်ရင်ဆိုင်မည်.
လောကဓံတရား တွေ့ကြုံငြား ဥာဏ်ဖြင့် ဖြေရှင်းမည်.
အရေးကြီးဆုံး လက်နက်သုံး သတိပင်ဖြစ်သည်.....