ကျနော် ၉၄ ခုနှစ်ဖွား...။အသက်က (၁၉)နှစ်။ ခုအွန်လိုင်းမှာ ၈၈ တုန်းက စစ်တပ်ကပြည်သူတွေကို သတ်ပါတယ်ပြောတဲ့  အချိန် ကျနော် ဘယ်ဘ၀မှာ ဘာဖြစ်နေမှန်း ဘုရားစူး ကျနော်မသိပါဘူး။၂၀၀၇ မှာရော...။ဟင့်အင့်  ကျနော် ၁၃ နှစ်ပဲရှိသေးတယ်။ ကျနော် စာတတန်ပေတတန် မတက်ပါဘူး။ ၉ တန်းနဲ့ ကျောင်းထွက်ပြီး အိမ်အတွက် ပိုက်ဆံရှာပေးဖို့  ကြည်မြင်တိုင်က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ခဲ့ တယ်။အဖေက ပညာမတက်ဘူး။အမေက ဘူတာမှာ ရေအိုးရွက်၊ညီမလေးက ရထားလာရင် ရေသန် ဘူးလေးတွေချပေးပါ အော်ရတဲ့  သူပေါ့။ဘ၀နာတယ်ဆိုတာထက် ကျနော် ဒီဒုက္ခတွေကြားက မိသားစုကို ကျွတ်လွတ်စေချင်မိတယ်။
ပျံကျ ရပ်ကွက်က စရိုက်မျိုးစုံတဲ့  မိသားစုအသိုင်းအ၀ိုင်းတွေ။ကိုယ်လည်ရင် စား၊အ ရင်ခံရတဲ့  အခြေအနေတစ်ခု။ငယ်ငယ်က စစ်ဗိုလ်ဖြစ်ချင်တဲ့ စိတ်က ပါရမှီမပါမှန်းသိလာတော့  စစ်ထဲဝင်ခဲ့ တယ်။ဘာပဲဖြစ်ဖြစ် ကျနော် သိပ်ကျေးဇူးတင်ပါတယ်။အပြင်မှာ ကျုံရာကျပန်း စားရတဲ့ ကျနော် အတွက် ဟင်းကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ နပ်မှန်အောင်ကျနော် စားရတယ်။ကျနော် လစာက တစ်လကို ၃ သောင်း .အိမ်ကိုပို့ နိုင်တယ်။..ဒါဆိုရင် အပြင်မှာလစာတိုးတောင်းနေတဲ့  လှိုင်သာယာက အလုပ်သမတွေ လှောင်ရီနေကျမလားကျနော်မသိဘူး။ မြန်မာနိုင်ငံကြီး ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး...ဆိုတာ ..တကယ်တော့  တပ်မတော်မပါဘူး။မြန်မာနဲ့ ဘားမားနဲ့  အခေါ်အဝေါတွေ အလုပ်ရှုပ်နေချိန်မျိုးမှာ ဆောင်းတွင်းလို ကာလ ကျနော်တို့  အတွက် စစ်အနွေးထည် တစ်ခုထက်မပိုဘူး။အွန်လိုင်းစာမျက်နှာမှာ ဖတ်ရတဲ့  စစ်သားတွေက စကားပြောတာ ရိုင်းတယ်တဲ့ ။တကယ်တော့  မ တစ်ထောင် သားတွေကို အုပ်ချုပ်တဲ့ နေရာမှာ ....၊ယောက်ျားခြင်း စည်းလုံးညီညွတ်ဖို့ ရာ....၊အမိန့် တွေနာခံဖို့ ရာမှာ တခါတလေ ခြောက်တလှည့်တွေရှိတယ်...။တခါတလေ ချော့ တလှည့်တွေရှိတယ်ဆိုတာကို လူလူခြင်း အုပ်ချူပ်ဖူးမှ သူ့တို့  နားလည်နိုင်မယ်ဆိုတာ ..မြန်မာနိုင်ငံမှာ မဖြစ်မနေ စစ်မှု့ထမ်း ရမဲ့ ဥပဒေ ပေါ်လာခဲ့ ရင် နားလည်လာပါလိမ့် မယ်လို့ တော့  ကျနော်ယူဆမိတယ်။ တခါတခါ ကျတော့ လည်း နယ်ခြားစောင့်တပ်ကလေး ဖွဲ့ခိုင်းတာလေးနဲ့  ၁၉ နှစ်လောက် ငြိမ်းချမ်းရေးရခဲ့ တာတွေက ဘာလို့ များပြက်ပျယ်သွားခဲ့ ရတာလဲလို့ တွေးမိယုံလေး။စစ်ရေးအရ ခုခံကာကွယ်တဲ့  အခါ တံတားတွေ ချိုးတာ လက်ခံပေမဲ့  ပြည်သူတွေ စီးနင်းလိုက်ပါတဲ့  ရထားတွေကို ဘာလို့  ဗုံးဖောက်ခွဲရတာလဲ...။ကျနော်အသက်အရွယ်နဲ့ လိုက်မမှီတဲ့ နိုင်ငံရေးလမ်းစဉ်ထဲမှာ မျက်စေ့ လည်နေတုန်း။ တဖြုတ်ဖြတ်နဲ့ ကြွေလွင့်သွားရတဲ့  သတင်းစာထဲက နာရေးတွေကို တွေ့မြင်ရတိုင်း စစ်သားတွေက သက်မဲ့ တွေလားလို့ ထင်စရာ။ပြည်သူတွေက သင်္ကြန်လိုချိန်ခါမျိုးမှာ ပျော်ကြပါးကြ ၊တရားနာယူနေကျချိန်မျိုးမှာ ကျနော်တို့  စစ်သားတွေက အပယ်ခံ တွေမို့ လား.....တွေးချင်စရာ.။တက္ကသိုလ်တွေမှာ ကိုယ်စီ ချစ်သူတွေနဲ့ ပျော်မြူးနေချိန်မျိုးမှာ ကျနော်တို့ က တိုက်ပွဲတွေနွဲပြီး နေနေရပြန်တော့  စစ်သားတွေမှာ နှလုံးသားမပါဘူးလားလို့ မေးချင်စရာ....။သတ်မှတ်အလုပ်ချိန်ထက်ပိုမခိုင်းရဆိုတဲ့  စည်းမျဉ်းစည်းကမ်းတွေထုတ်ပြန်ချိန်မှာ ကာကွယ်ရေးဝန်ကြီးဌာနမပါဆိုတော့  စစ်သားတွေက စက်ရုပ်တွေမို့ လားလို့  ယူဆချင်စရာ။တကယ်တော့ ဒီမိုကရေစီရပြီ။ကိုယ်ပိုင်ဆန္ဒအရ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရပြီဆိုရင်တောင် ဒီအခွင့်အရေးတွေကိုတောင်းဆိုဖို့  ကျနော်တို့ တပ်မတော် ဘယ်တော့ မှ မပြင်နိုင်ဘူးဆိုတာလည်း သိသိရက်နဲ့ ပေါ့ ။ တခါတလေ တပ်မတော်ကြီးကို လည်းသံယောဇဉ်ရှိပါတယ်ပြောတဲ့  ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘယ်လိုအမြင်နဲ့ ကြည့်ပေးရမယ်မသိတော့ ဘူး။အခြေခံဥပဒေကို ထောက်ခံစေချင်ယုံနဲ့ တော့  အဝေးကချစ်နေလို့  အရာမ၀င်ဘူးဆိုတာ နိုဘလ်ဆုရှင်ကြီး သိသင့်မယ်လို့ တော့ ကျနော်ထင်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲလို မျိုးမှာ ပြင်ဦးလွင်လို တပ်နယ်တွေနဲ့  နေပြည်တော်လို နယ်တွေမှာ သူ့ ပါတီနိုင်ခဲ့ တာကြည့်ရင် စစ်တပ်က မထောက်ခံပဲ ရနိုင်မှာမို့ လား။နွေးနွေးထွေးထွေး မဆက်ဆံပဲနဲ့ တော့  ....ဒါမှမဟုတ် ခြေပြက်၊လက်ပြက်ဖြစ်နေတဲ့  ရန်ကုန်မင်္ဂလာဒုံဖြစ်ဖြစ် တပ်မတော်စစ်ဆေးရုံတွေကို လိုက်လံကြည့်ရှု့အားပေးတာတွေတစ်ခေါက်တလေ လေးတောင် မလုပ်ပဲနဲ့ တော့  စစ်သားတွေရဲ့ရင်ထဲ ရောက်မလာနိုင်ဘူး၊တပ်မတော် တည်ဆောက်ခဲ့ တဲ့ ဗိုလ်ချူပ်သမီးဆိုတာကို လက်သင့်ခံဖို့  ခက်မယ်မဟုတ်လား.........။ကျနော်အမြင်ရပြောရရင် စစ်သားတွေအလိုရှိတဲ့ ဗိုလ်ချူပ်သမီးဆိုတာ အရာရာကို ကန့် လိုက်တိုက်နေဖို့ မဟုတ်ဘူးလို့ မြင်မိတယ်။တိုင်းပြည်အတွက် ဦးသိန်းစိန်ကို အကိုကြီးလိုသဘောထား၊ကိုယ်က ညီမလိုနေ ၀ိုင်းဝန်းဆောင်ရွက်ရင် ကချင်အရေးဆိုတာ ဘာအရေးမို့ လို့ လဲ၊ရခိုင်အရေးဆိုတာရော ဘာအရေးလဲ။ခုတော့  ဦးသိန်းစိန်က ရိုဟင်ဂျာဆိုတာ မရှိဘူးငြင်းပြီး၊ဒေါ်အောင်ဆန်းစုကြည်က မသိဘူးငြင်းတယ်။ပြည်သူတွေလိုချင်တဲ့  ကချင်ငြိမ်းချမ်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးခေါင်းဆောင်အဖြစ်နဲ့  ၀င်ရောက်ဆွေးနွေးမှမဟုတ်ဘူး။ဘယ်အခန်းကဏ္ဍကနေဖြစ်စေ အစိုးရနဲ့  တက်ညီလက်ညီဝိုင်းဝန်းအဖြေရှာသင့်တာမျိုး။ ခုကျနော် လက်တဖက် မရှိတော့ ဘူး။ဘာလုပ်ကိုင် စားသောက်မလဲဆိုတာထက် ကမ္ဘာပေါ်က သန်း ၇၀၀၀ ထဲမှာအမျိုးသမီးဦးရေ ထက်ဝက်ကျော်ပါရင်တောင် ကျနော့် အတွက် ဇနီးတစ်ယောက်ရဖို့ ခက်ခဲ သွားပြီ။တကိုယ်ရေ တကာယ လုပ်ကိုင်စားသောက်ဖို့ ဆိုတာထက်..မီးလေးပျက်တာနဲ့ ထထဆဲတဲ့  ကျနော့် မြန်မာအမျိုးတွေကိုလည်း စိတ်နာချင်သလိုလို။ဂျက်ကီချမ်း က သေရင်အကုန်လှူမယ်ဆိုတော့  သာဓုခေါ်ပြီး ဦးဇော်ဇော်က လှူမယ်ဆိုတာ မုဒိသာ မပွားနိုင်တဲ့  လူမျိုး ကို လည်း ကျနော် မုန်းမိချင်သလိုလိုမျိုး။ကာမိုင်းရဲစခန်းကို ၀င်စီးပြီး ရဲမိသားစုတွေကို သတ်သွားတဲ့  အချိန်ကျတော့  လမ်းပေါ်မှာ ဆန္ဒပြတယ် မကြားရပဲ လေယာဉ်သုံးတယ်လို့  သတင်းရတာနဲ့  ထိုးစစ်တွေရပ်ဆိုပြီး လမ်းလျှောက်ပြတဲ့  ဆန္ဒပြလုပ်စားအဖွဲ့ကိုလည်း ထမင်းစားရဖို့  လက်ခြေထောက်တွေမပါဘူးလားလို့  ပြောချင်နေမိသလိုမျိုး။ကျနော်တို့ လိုမျိုး စစ်သည်တွေအတွက် ဘာအခွင့်အလမ်းများ လုပ်ဆောင်ပေးနိုင်မလဲဆိုတဲ့  အဆိုလွှာတွေထက် အွန်လိုင်းဘလောဂ်ဂါ တစ်ဦးကို အလေးပေးအရေးကြီး အဆိုတင်သွင်းတဲ့  ဒေါက်တာဘွဲ့ခံ ဦးစိုးရင်လိုလူမျိုး......... စစ်သားတစ်ယောက်ဖြစ်တဲ့ အတွက် ဘာလုပ်ပါလို့ ပြောလို့  မလုပ်ရင် အမိန့် မနာခံတာ။ဒါကို အပြင်အရပ်သားတွေလို ငြင်းခွင့် မရှိဘူး။ငြင်းရဲတာကို သတ္တိလို့ ပြောတဲ့  အတွေးအခေါ်ပညာရှင်တွေကိုလည်း ဘယ်လိုမျိုးအတွေးအခေါ်လည်းဆိုတာ စဉ်းစားမရဘူး။ကိုယ်မလုပ်ချင်တာကို ငြင်းခွင့် ဆိုတာ အရပ်သားတစ်ယောက်အတွက်တော့ ဖြစ်ကောင်းဖြစ်နိုင်လိမ့် မယ်။စစ်သားတွေအတွက်တော့  ကျနော်မလုပ်နိုင်ဘူးဆိုတဲ့  စကားလုံးတလုံးပြောတိုင်း သတ္တိမရှိကြေးဆိုရင် ၂၀၀၂တုန်း က ထိုင်းနဲ့ ဖြစ်တဲ့ စစ်ပွဲမှာ အို တောင်ကုန်းကျတာကြာပြီ။ အားအား ရှိ ကိုယ်ပိုင်ရပိုင်ခွင့်တွေ၊ရပိုင်ခွင့်တွေတောင်းဆိုကြေးဆိုရင်....လွတ်လပ်ရေးပြီးကတည်းက တိုင်းပြည်အတွက်ခြေလက်အင်္ဂါပေးထားရတဲ့  စစ်သားမိဘတွေ၊ဆွေးမျိုးသာချင်းတွေ ရဲ့ဆန္ဒပြမှု့တွေ အတောသတ်မှာမဟုတ်တော့ ဘူး။ဘယ်စစ်သားဆွေးမျိုးသားချင်းမှလည်း အဲ့အတွက် ဂုဏ်မာန်မတက်ဘူး။ ဒါပေမဲ့  အလုပ်လုပ်ရပြီး ဆဲခံရရင်တော့ စိတ်မကောင်းဘူးပေါ့...။ ကျနော်တို့ လည်း တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့ ပြီးပါပြီ။ ကောင်မလေးတွေနဲ့  ဒါမှမဟုတ် ချစ်သူနဲ့  အပြင်မှာလျောက်လည်ခွင့် လည်း မရခဲ့ ဘူး။ အသက်ငယ်ငယ်နဲ့ ဒုက္ခတ ဆိုတဲ့ ဂုဏ်ကလွဲရင် ဘယ်အရာမှပိုင်ဆိုင်ခွင့်မရှိတော့ ဘူးလေ။ ၁၉ ၂၀ အပြင်က တန်းတူ သူငယ်ချင်းတွေလို လည်း ပန့် ထောင်ခွင့် တွေ၊နားကပ်ဖောက်ပြီး ဟစ်ဟော့ လုပ်ခွင့်တွေ၊ဂေါ်လီလုပ်ခွင့် တွေ မရှိခဲ့ ဘူး။ ကျေးဇူးပြုပြီး လက်တွေ့အလုပ်လုပ်နေတဲ့  ကျနော်တို့ ကို စစ်ခွေးလို့ မဆဲပါနဲ့ ။ နာကျည်းလို့ တော့ မဟုတ်ဘူးပေါ့။အလုပ်လုပ်ရပြီးဆဲခံရရင်တော့  ကျနော်တို့  ၀မ်းနည်းတက်ပါတယ်...........။

crdit-စစ်တပ်ထဲ ရောက်တာ (၁)နှစ် မပြည့်သေးဘူး ..
အသက်က (၁၉) နှစ် အသက်တာငယ်တာစိတ်ဓါတ်ကတော့မာကျောနေတာပဲ တိုင်းပြည်အတွက် လက်မပြောနဲ့ အသက်ပေးတောင်တန်ပါတယ်တဲ့  စစ်ထဲ့ ဝင်လာလို့ နောင်တရမှာမဟုတ်ဘူးတဲ့ 
No comments:
Post a Comment