အသည်းကွဲ ဒီဇင်ဘာ


ဖြူလွှလွှနှင်းပွင်းတွေက ၊ ဒီဇင်ဘာကိုအသက်သွင်းခဲ့သလို

နင်ပေးခဲ့တဲ့အချစ်တွေက ၊ ငါ့ဘ၀ကိုအသက်ဝင်စေခဲ့တယ်နော်.....

ပန်းရောင်လွှမ်းတဲ့ ၊ ချယ်ရီလမ်းမှာ

လွမ်းရောင်မသန်းစေဘဲ ၊ တူယှဉ်နွှဲကာ

ထပ်တူထပ်မျှ ၊ လျှောက်လှမ်းခဲ့တယ်နော်...

ချယ်ရီတခက်နဲ့ ၊ တသက်မခွဲဖို့

အကြိမ်ကြိမ်တိုင်တည် ၊ သစ္စာထားခဲ့

ချစ်ခဲ့သော်လည်း.........

တကယ်တော့ ၊ နှစ်တစ်ရာကြင်ဖို့

သစ္စာတည်လည်း ၊ ပစ်ခွာသူက

မုန်းမေ့မှတော့ ၊ ဒီဇင်ဘာရေ......

အတိတ်တစ္ဆေက ၊ အရိပ်တွေလိုမြင်နေလည်း

တိတ်တဆိတ်ကြေကွဲ  ၊ ငိုနေခဲ့တာ

နှင်းပွင့်တွေဝေ ၊ ချယ်ရီတွေကြွေတဲ့

ဒီဇင်ဘာတိုင်း သိပါတယ်.......။
kml.lso