ကမ္ဘာတိုင်အောင်ကျော်ကြား မြန်မာ့သနပ်ခါး


 ပခုက္ကူဒေသသည် နယ်ပယ် ကျယ်ဝန်းသည်။ သီးနှံ၊ သယံဇာတ ပေါများသည်။ သာသနာ ထွန်းကား သည်။ ပညာရှင်များ ပေါ်ပေါက်ရာ ဒေသလည်း ဖြစ်သည်။ယနေ့ခေတ်အခါတွင် ဆင်ဖြူရှင်၊ဧရာဝတီ မြစ်ကူးတံတားကြီးများ ကြောင့် မြို့ပြလူနေမှုအဆင့်အတန်း မြင့်လာသည်။
သွားလမ်းလာလမ်း လွယ်ကူလာသည်။ မကြာခင် ကောင်းကင်လမ်းပါ အဆင်ပြေလာ မည်ဆိုလျှင် ပခုက္ကူမြို့သည် အတိုင်း ထက်အလွန် ဖွံ့ဖြိုးလာမည်မှာ အမှန်ဖြစ်သည်။ ကုန်းလမ်း၊ ရေလမ်း အားကောင်း လာသောကြောင့် လည်းကောင်း၊ တန်ခိုးကြီး ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်စံပျော်ရာ ဒေသဖြစ်သောကြောင့် ပြည်တွင်း ပြည်ပဧည့်သည်များလည်း အဝင် အထွက်များလာသည်။ပခုက္ကူဒေသ၏ နာမည်ကျော် ရှင်မတောင် သနပ်ခါးကိုလည်း ပြည်တွင်းမှ ဝယ်ယူအားပေးမှုများလာ သည်။ ပခုက္ကူရောက်သူတိုင်း အိမ် ပြန်လက်ဆောင် ရှင်မတောင် သနပ် ခါးကို တစ်ခုတ်တစ်ရ ဝယ်ယူကြ သည်။ နာမည်ကျော်ရှင်မတောင် သနပ်ခါးအား ပြည်တွင်းခရီးသည်များ သာမက အင်္ဂလန်နိုင်ငံ ဘာမင်ဂန် မြို့သူလေးများကပါ စိတ်ဝင်တစား ဝယ်ယူနေကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင် မှတ်တမ်းတင်မိသည်။ ပခုက္ကူဒေသမှ ရှင်မတောင် သနပ်ခါး သည် မြန်မာတွင်သာမက ကမ္ဘာ တိုင်အောင် ကျော်ကြားသည်မို့ ဒေသခံ ပြည်သူတစ်ဦးပီပီ ဒေသချစ်စိတ်၊ မြန်မာပြည်ချစ်စိတ်ဖြင့် မြန်မာ့ ရှင်မတောင်သနပ်ခါးအား ရေးသားတင်ပြလိုက်ရပါသည်။

နေဦးမောင်(ပခုက္ကူ)  The Mirror Daily

No comments: