ဓါတ်ပုံလေးကို ခဲခြစ် ပန်းချီ ပုံပြုလုပ်နည်း



မိမိရဲ့ ဓါတ်ပုံလေးကို ခဲခြစ် ပန်းချီ ပုံပြုလုပ်ရင်း Photoshop လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင်တော့
အရင်ဆုံး မိမိ စက်မှာ Photoshop Software မရှိသေးဘူးဆိုရင်တော့ အောက်မှာ အရင်ဒေါင်းပြီးတော့ စက်ထဲမှာ Run လိုက်ပါနော်။

Portable Adobe Photoshop CS5



Portable Adobe Photoshop CS5


file size-67.7MB
Download Here
ဒီမှာဒေါင်းပါ

အခုက ခဲခြစ်သင်ခန်းစာ ဆိုတော့ ခဲခြစ်ပန်းချီ ပုံလေး ဘယ်လိုလုပ်ရတယ်ဆိုတာလေးကိုပဲ ပြောသွားပါ့မယ်။ နောက်ထပ် လေ့လာလို့ရတာတွေလည်း ကိုယ်ကျွှမ်းကျင်ရင် ကျွှမ်းကျင်သလို Photoshop CS5 မှာ အသုံးပြုနိုင်ပါတယ်။
ကဲအောက်က ပုံလေးလို ဘယ်လိုဖြစ်အောင် လုပ်ကြမလဲဆိုတာ စကြရအောင်.......



1 – ပထမဆုံး ပြင်မယ့်ပုံကို File -> Open နဲ့ ဖွင့်ပါ…။



2 – ဒီအဆင့်ကတော့ ကိုယ်ပြင်တဲ့ ပုံ ပျက်စီးသွားရင်မူရင်း Layer ကျန်နေစေဖို့ ပုံကို Copy လုပ်ထားတာပါ ။ Duplicate လုပ်တယ် လို့ ခေါ်ပါတယ်။ Ctrl + J ဟာ Duplicate လုပ်တာနဲ့ တူပါတယ်။ အဲ့ဒါကို Copy 1 လို့
နာမည်ပေးရအောင်။



3 – တတိယ အဆင့်ကတော့ Copy ကူးထားတဲ့ Layer ကို Select ပေးပြီး image -> adjustments -> desaturate ကို နှိတ်ပါ ။ အောက်ပါ အတိုင်းပြောင်းသွားပါလိမ့်မယ်။



4 – ဒုတိယ အဆင့်က Copy ကူးထားတဲ့ Layer ကို နောက်ထက် Duplicate Layer ထက်လုပ်ပါ ။ အဲ့ဒါကို Copy 2 လို့ နာမည် ပေးရအောင် ။ ပြီးရင် Copy 2 Layer ကို invert လုပ်ဖို့ အတွက် image -> adjustments -> ivert ။
သူ့ကို Ctrl = i နှိတ်ရင်လည်း ရပါတယ်။



5 – Copy 2 Layer ကို Select ပေးပြီး Blending mode ရဲ့ List မှာ Color Dodge ကို ရွေးချယ်ပေးပါ။



ဒီလိုမြင်ရလိမ့်မယ်။



6 - ဒီအဆင့်ကတော့ Copy 2 Layer ကို Select ပေးပြီး ‘filter – > blur -> gaussian blur’, a radius ကို 4.1 နဲ့ လုပ်ပါတယ် ။



7 - ကဲ လှ သွားပြီမဟုတ်လား…..။

No comments: