ဆေးဖျန်းလို့မရတဲ့ ဗိုင်းရပ်(စ်)

အခုတစ်ပတ် အင်တာနက်ဂျာနယ်မှ တရုတ်နိုင်ငံမှာ ဗိုင်းရပ်တစ်မျိုး ဝင်ရောက်နှောက်ယှက်လို့ စက်ပေါင်း သုံးသန်း
ကျော်ဒုက္ခရောက်ခဲ့တယ်လို့ဖတ်လိုက်ရတယ်။ ဒီအကြောင်းကို ဖတ်မိတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် တုန်းက အဖြစ်ကို
သတိရမိတယ်။

     အဲဒီအချိန်တုန်းက မြန်မာနိုင်ငံရဲ့အလယ်ပိုင်းမကွေးမြို့မှာ တော်တော်လေးကို ခေတ်စားလိုက်တဲ့ Magway FC ဗိုင်းရပ်(စ်)ကြောင့် စက်တော်တော်များများ ဒုက္ခရောက်ခဲ့ရတယ်။ ဒီအချိန်မှာလည်းနယ်က ကျွန်တော်ရဲ့အဒေါ်က
သူ့ ကွန်ပျူတာဆိုင်က စက်တွေ ဖွင့်မရလို့ ဆိုပြီး ကျွန်တော်ကို လာနိုင်ရန်လာဖို့ ဖုန်းဆက်လာတယ်။ ကျွန်တော်လည်း
ရောက်သွားတော့ စက်တွေမှာ ဘာ Software နဲ့မှ ကာကွယ်မထားဘူးလေ ဒါကြောင့် ဗိုင်းရပ်(စ်)ဝင်တာလို့ပြောတော့
အဒေါ်က ဘာပြောသလဲမှတ်တုန်း။ အေးဟေ့ ငါကတော့ ဘာမှနားမလည်းဘူး။ မင်းအစ်ကိုသာမှာခဲ့။ သူလည်းပဲ
ဗိုင်းရပ်(စ်)မကိုက်အောင်ဆိုပြီးပရုပ်လုံးတွေစက်ဘေးမှာချထားတာပဲတဲ့။ သြော် မြန်မာ့သြဘာက ပိုးသတ်
ဆေးတွေသုံးလို့ မရဘူးလို့ မမေးလို့တော်သေးတယ်လို့ အောင့်မေ့မိတယ်။

No comments: