ပုံလေးတွေကိုပုံစံမပြောင်းစေဘဲ လှလှလေးတွေပြင်လို့ ရမယ့်ဆိုဒ်လေးပါ

ပုံလေးတွေကို ပုံစံမပြောင်းစေဘဲ lighting လေးတွေတင်ပေးမယ် blur လေးတွေလုပ်ပေးရင်းနဲ့  အလှဆုံးဖန်တီးနိုင်စေမယ့် လင့်လေးတစ်ခုပါ … သိပြီးသားဖြစ်နေရင်တော့ မသိသေးသူများအတွက်ပေါ့နော် ရည်ရွယ်တာကတော့ အလှအပကြိုက်တတ်တဲ့ မိန်းကလေးများအတွက်ပေါ့ …ကဲ… မိမိပုံလေးတွေကို အလှဆုံးပြင်ကြမယ်နော်

 
ဒီလင့်လေးကိုသွားလိုက်ပါ http://www.befunky.com/create/#/home sign up လဲလုပ်စရာမလိုတဲ့ အလွယ်ကူဆုံးနဲ့  စိတ်ကျေနပ်စေနိုင်မယ့်ဆိုဒ်လေးပါ

ဒီနေရာလေးကိုရောက်သွားရင်တော့ upload ကိုတန်းနှိပ်ချင်လဲရပါတယ် … ဒါမှမဟုတ် ဘေးက Edit Your Photos, Apply Photo Effects, Apply Artsy Effect, Add Graphics, Shapes, Add Test, Speech Bubbles, and Add Frames, Borders တွေကနေလဲ တန်းနှိပ်ပြီးသွားလို့ ရပါတယ် by a sample image နဲ့ လဲ စမ်းသပ်လုပ်ကြည့်နိုင်ပါတယ် အခုပုံလေးတစ်ပုံကိုစမ်းသပ်ထည့်ပြမယ်နော်

အပေါ်က Apply Photo Effect ကိုရွေးပြီး ပုံလေးကိုထည့်လိုက်တာပါ ဒါကသူ့ ရဲ့ မပြင်ရသေးတဲ့ပုံလေးပေါ့ ပြီးရင် Featured Effects ထဲက ညာဘက်ရဲ့ အောက်ဆုံးက အကွက်လေးကိုရွေးပေးလိုက်ပါတယ်

ပုံလေးကို စိတ်ကြိုက် Blur ပြန်ချိန်နိုင်ပါသေးတယ် ပြီးရင်တော့ Apply ပေါ့… ပုံမှာစာရေးချင်သေးတယ်ဆိုရင်တော့ Edit ဘေးက အိမ်ပုံလေး (home) ကိုပြန်သွားလိုက်ပါ… စာရေးဖို့  Add Test, Speech Bubbles လေးကိုရွေးပေးလိုက်ပါ
စာလုံးဒီဇိုင်းကိုလဲ စိတ်ကြိုက်ရွေးပြီးရေးနိုင်ပါတယ်… ပုံကို effect ထည့်တာ စိတ်တိုင်းမကျသရွေ့  Discard လုပ်ပြီး အသစ်ပြန်ရွေးထည့်နိုင်ပါသေးတယ်
 

စာလဲရေးပြီး အားလုံးစိတ်တိုင်းကျရင်တော့ save လေးကိုနှိပ်ပြီးတော့ ကိုယ့်စက်ထဲမှာ သိမ်းလိုက်ပေါ့နော် … save to computer လေးကိုရွေးပေးလိုက်ပါ ပြီးရင် သိမ်းလိုက်ရုံပါပဲ… Facebook တို့  Twitter တို့ မှာလဲ save လုပ်နိုင်ပါတယ်…
ဒီလောက်ဆိုလုံလောက်ပြီထင်ပါတယ်နော်… ဘလော့မတင်ဖူးတော့ အမှားပါခဲ့ရင် မပြည့်မစုံဖြစ်ရင် သည်းခံပေးပါနော် ...
အားလုံးအဆင်ပြေပါစေနော်
ကျော်လေး...

No comments: