ကိုရွှေကြက်တူရွေးရဲ့ အမြင်
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး
သုံးယောက် အိမ်ရှေ့ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွတ်သည်။နေ့တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။
တနေ့တွင် သေချာနားထောင်ကြည့်လိုက်ရာ ‘အ၀ါ၊ အနီ၊ အနက်’ လို့ ရွတ်နေသည် ကို
ကြားမိလိုက်သည်။
မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်တွေဟာ သူမတို့ရဲ့
အတွင်းခံဘောင်းဘီ အရောင်တွေပါလား လို့သဘောပေါက်လာပြီး ကျန်နှစ်ယောက်ကို
ပြောပြသည်။ ဒါပေမယ့် လက်ခံ ဖို့ အင်တင်တင်ဖြစ်နေကြသေးသည်။
ဒါနဲ့နောက်တနေ့ သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ
ကိုယ်စီဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို့
ရွတ်သဖြင့် အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။
ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ
မ၀တ်ပဲ ထွက်လာကြသည်။
ထိုနေ့တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းကာခဏတာ စဉ်းစား အပြီး ရွတ်ချလိုက်တာက
‘အအို ၊ အအို ၊ အပြို’
No comments:
Post a Comment