ရေလွှာလျောစီးခြင်းနှစ်သက်သော ဆိတ်

 

ကာလီဖိုးနီးယားပြည်နယ်ရှိ ပက်စမိုကမ်းခြေတွင် ကျွမ်းကျင်စွာ ရေလွှာလျောစီးပြနေသော ဆိတ်တစ် ကောင်ကို မြင်တွေ့ရမည်ဖြစ်သည်။ 
ဆိတ်ပိုင်ရှင်ဒေနာမက်ဂရီဂေါ်သည် ၎င်း၏မွေးနေ့တွင် ယင်းဆိတ်ကို ကမ်းခြေသို့ခေါ်လာပြီး အတူရေလွှာလျောစီးကြရာမှ စီးတတ်သွားခြင်းဖြစ်ကြောင်း သိရသည်။ အ၀ါရောင် သက်ကယ်အကျီဝတ်ထားသော ယင်းဆိတ်ကို မက်ဂရီဂေါ်က ရေလွှာလျောစီး ဘုတ်ပြားပေါ်တင်ပေးပြီး နောက်ယင်းဆိတ်သည် ကမ်းခြေသို့ လှိုင်းများရိုက်ခတ်စဉ် ၎င်း၏ခြေလေးချောင်းဖြင့် ဟန်ချက်ညီအောင်ထိန်းပြီး ဘုတ်ပြားပေါ်စီးသွားကြောင်း သိရသည်။
မက်ဂရီဂေါ်သည် ယင်းဆိတ်ကို ၀ယ်စဉ်က ခြံထဲရှိပေါင်းမြက်များအား စားခိုင်းရန်သာ ကြံရွယ်ခဲ့ခြင်းဖြစ်သော်လည်း သံယောဇဉ်ရှိသွားကာ ယခုအခါ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူတော့မည်ဖြစ်ကြောင်း သိရသည်။  ၎င်းတို့သည် နောက်ပိုင်းတွင် ဈေးဆိုင်အတူသွားခြင်း၊ ဆိုင်ကယ်အတူစီးခြင်း၊ ညဘက် အပြင်ထွက်လည်ခြင်းတို့ကိုပင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

No comments: