တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း သုံးခွက်သောက်သုံးခြင်းဖြင့် သွေးတိုးကျစေနိုင်
တစ်နေ့လျှင် လက်ဖက်ရည်ကြမ်း သုံးခွက်ခန့် သောက်သုံးခြင်းဖြင့် သွေးတိုးကျဆင်းစေနိုင်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြသည်။ သြစတြေးလျ အနောက်ပိုင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များက လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းဖြင့် အပေါ်သွေးရော၊ အောက်သွေးပါကျဆင်းစေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သုတေသီများသည်စမ်းသပ်ချက်အား လက်ဖက်ရည်ကြမ်းတွင်သာ စမ်းသပ်ခဲ့ပြီး နို့နှင့်ရောထားသော လက်ဖက်ရည် ပေါ်တွင် မူစမ်းသပ်မှု မပြုရသေးပေ။ လက်ဖက်ရည်သည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယလူကြိုက်အများဆုံး သောက်သုံးစရာတစ်ခုဖြစ်သည်။
လက်ဖက်ရည်ကြမ်းထဲတွင် ကင်ဆာဆဲလ်များတိုးပွားမှု ရပ်တန့်ပေးနိုင်သော Polyphenols နှင့် Antioxi-dants များပါဝင်နေသည့်အပြင် တစ်နေ့လျှင်လက်ဖက်ရည်ကြမ်း သုံးခွက်သောက်သုံးလျှင် နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၁၀ ရာခိုင်နှုန်း ကျဆင်းစေကြောင်း လေ့လာသူများမှ ပိုမိုထောက်ခံ အသိအမှတ်ပြုလာကြပါသည်။ ထို့ပြင် ဟားဗတ်ဇ်တက္ကသိုလ်မှ လေ့လာတွေ့ရှိမှုတွင်လည်း ရောဂါဖြစ်မှုနှုန်း ပိုမိုနည်းပါးလာစေကြောင်း တွေ့ရှိရပါသည်။
နှလုံးရောဂါဖြစ်ပွားမှု ကျဆင်းစေနိုင်ခြင်း၊ သွေးကြေားများ ပိုမိုအားကောင်းလာနိုင်စေခြင်းနှင့် ကင်ဆာဆဲလ်များ တိုးပွားမှုအား လျော့ကျစေနိုင်သည်များအား လေ့လာတွေ့ရှိခဲ့သော်လည်း လက်ဖက်ရည်ကြမ်းမှ သွေးဖိအား အားမည်သို့ ကျဆင်းစေသည်ကို ဆက်လက်လေ့လာရန်လိုအပ်နေဆဲဖြစ်သည်။ အရက်နှင့်အငန်စားသုံးမှုအား ရပ်တန့်ကာ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များအား ပိုမိုစားသုံးခြင်းသည်လည်း သွေးတိုးကျစေမည့် နည်းကောင်းတစ်ရပ်ဟု ပညာရှင်များက သုံးသပ်ခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment