ရည်းစားမရှိခြင်းအကျိုး(၇)ပါး

ရည်းစားမရှိခြင်းရဲ့ အကျိုး(7)ပါး

(1) လွတ်လပ်စွာ နေထိုင်နေရခြင်း...
(2) တက္ကသိုလ်ကျောင်းသားဘ၀တွင် အိမ်ကပို့ သမျှကို မိမိအတွကိသာသုံးရခြင်း....
(3) မည့်သူ ကိုမဆို ချစ်ခွင့်၊ ကြိုက်ခွင့်၊ ရွေးချယ်ခွင့် ရှိနေခြင်း....
(4) ချစ်သူရှိနေသူများကို သူတို့ ၏ ချစ်သူတို့ အား ကြိုက်သလိုဝေဖန်ခွင့်ရှိခြင်း....
(5) လူငယ်ဘ၀၏ လွတ်လပ်ချိန်ကို မိမိအတွက်သာအသုံးပြုရခြင်း...
(6) ယခုအချိန်ထိ အသည်းကွဲခြင်းကို မကြုံတွေ့ ရခြင်း....
(7) နောက်ဆုံး အချစ်စစ်ကိုပင် တွေ့ နိုင်ခြင်း...။ 



ချစ်သူမရှိခြင်း အပြစ်(၃)ပါး 


1 ငှက်ပျောတုန်းဖက်သေရမယ်လို့  အပြောခံရနိုင်သည်။သည်းခံပါ။
2 ယုံကြည်မှုမရှိသူ( မစွံသူ) ဟုအပြောခံရနိုင်သည်။ 
3 ချစ်သူရှိသူတို့ ၏ ကြွားသမျှ၊ ၀ါသမျှကို ငြီးငွေ့ စွာ ဒါမှမဟုတ် ပျင်းရိစွာ နားထောင်ရခြင်း။ နားထောင်ပေးလိုက်ပါ။


 လက်ခံထားရမှာက
 (1) ငှက်ပျောတုန်းဖက်သေရတောင်မှ သူတစ်ပါးကို ဒုက္ခပေးခြင်းမရှိသဖြင့် ကုသိုလ်ရနိုင်ခြင်း...
 (2) မစွံဘူးပြောသူသည် ကံကြမ္မာကြောင့် သူတို့ ၏ချစ်သူနှင့် ပေါင်းခွင့်မရှိခဲ့လျှင် မိမိနှင့်ပြန်တွေ့ သည့်အခါ ... စကားလွန်လွန် မပြောရဲခြင်း.....
(3) “ချစ်သူရှိတယ်” ဟု လက်မထောင်နိုင်သူကို သနားစရာအကြည့်ဖြင့်ကြည့်ပြီး သူတို့ နှစ်ဦး ရာသက်ပန်ပေါင်း နိုင်ပါစေဟု မေတ္တာထားပေးလိုက်ပါ။
(4) အားအားနေ ရည်းစားဖြင့်အချိန်ဖြုန်းနေသူတို့ ကို အချိန်၏တန်ဖိုးကို ပြောပြပေးနိုင်ခြင်း...
(5) ဟုတ်ဟုတ်မဟုတ်ဟုတ် စာသင်နေသည့်အချိန်မှာ စာကိုကြိုးစားသင်ယူနေသည်ဟု ပြောနိုင်ခြင်း... (6) နောက်ဆုံး....... မိမိမြင်နေကျ ချစ်သူစုံတွဲများကို နမူနာယူပြီး ချစ်သူရလာသည့်အခါ ချစ်သူကို ပျော်ရွှင်ချမ်းမြေ့အောင် ထားပေးနိုင်ခြင်း..စိတ်ညစ်စရာများ ကင်းနေခြင်း။ ချစ်သူမရှိလို့ ဆိုပြီး တွေးပြီး အားမငယ်ရန်.. -အချစ်သည် ရယူလိုစိတ် 70% ပါသဖြင့် မိမိ ချစ်သူမရသေးသည်မှာ အချစ်ကိုမတွေ့ သေးလို့ ဟု မှတ်ယူနိုင်ခြင်း။ -ကိုယ့်ဘ၀ရဲ့ လက်တွဲဖေါ်ကို ရွေးသည့်အခါမှာ “မင်းဟာငါ့ရဲ့ အချစ်ဦးပါ”လို့  ပြောပိုင်ခွင့်ရှိနေခြင်း.. (သစ္စာရှိသူများအတွက်သာ) -အများကပြောသည့် အချစ်၏ အဓိပါယ် အမျိုးမျိုးကို နားထောင်ပြီး အချစ်ဆိုတာ ဘာလဲဟု တွေးခေါ်နိုင်စွမ်း မြင့်မားလာနိုင်ခြင်း။ -ချစ်သူမရှိ သဖြင့် မိမိ၏ Valentine Day နေ့ သည် အချိန်မရွေး ရောက်ရှိလာနိုင်ခြင်း(ဖောဖေါ်ဝါရီ14 ကို စောင့်ရန် မလိုခြင်း).....

မှတ်ချက်။ ။အသက်(16) မှ (25) အတွက်သာ။
ကျွန်တော်လဲသူများဆီကကူးထားတာပါ။ဟီးဟီး

No comments: