အချစ်တွေပိုမို ခိုင်မြဲလာအောင် (သို့) ချစ်သက်တမ်း ပိုမိုကြာရှည်အောင်
၁ ။ စိတ်ကောက်နေစဉ် အခြားသူတစ်ယောက်နှင့် လုံးဝမတွဲပြပါနှင့်။
၂ ။ ဘာမှမဟုတ်သည့် ကိစ္စကို မငြင်းပါနှင့်။
၃ ။ ဖြစ်ပြီးသား ပြဿနာများကို ပြန်မပြောဖြစ်အောင် ကြိုးစားပါ။
၎ ။ သူကြိုက်တဲ့အရာများကို မမုန်းပါနှင့်။
၅ ။ သူသာ သင့်အတွက် အလိုအပ်ဆုံးဆိုတာ သူသိပါစေ။
၆ ။ ချစ်သူက ချောလား ၊ လှလား ၊ ချစ်လား ၊လို့မေးတိုင်း အပြုံးလေးနဲ့ ခေါင်းငြိမ့်ပြလိုက်ပါ။
၇ ။ အမှတ်တရ ဖြစ်ရပ်များကို သတိရတိုင်းပြောပေးပါ။
၈ ။ စကားပြောတိုင်း သူပြောတာကို နားထောင်ပေးပြီး စဉ်းစားပေးပါ။
၉ ။ သူစကားပြောနေစဉ် မကြာခဏ ဖြတ်မပြောပါနှင့်။
၁၀။ ဖြစ်နိုင်လျှင် ချစ်သူ၏ မွေးနေ့နှင့် ရည်းစားစဖြစ်သည့်နေ့ကို မှတ်ထားပါ။
၁၁။ လက်ဆောင်အသေးအမွှားလေးများကို မကြာခဏပို့ပေးပါ။
၁၂။ ဖြစ်ပျက်သမျှအားလုံးကို သင်ကစ၍ဦးအောင်တောင်းပန်လိုက်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment