လာမည့် မတ်လ ၃၁ ရက်နေ့တွင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်တာနက်တွေကို သုံးမရအောင်တိုက်ခိုက်မယ်လို့
Anonymous Hacker Group ကနေခြိမ်းခြောက်ထားပါတယ်။
ခုတစ်လော နိုင်ငံတကာဖိုရမ်တွေမှာလည်း ဒီအကြောင်းဟာဟော့ဖြစ်လို့နေပါတယ်။
Operation Blackout လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ဘယ်လိုလုပ်မှာလည်း ဆိုတာကိုပါသူတို့က ကြွေးကြော်ထားပါတယ်။
အင်တာနက် Domain Name Services တွေကို သုံးမရအောင်လုပ်ပြစ်ပြီး
သူတို့ရဲ့စစ်ဆင်ရေးကို လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သူတို့တွေဘယ်လိုလုပ်ပြီး ဒီ DNS Services တွေကို Disable လုပ်နိုင်မလဲဆိုတာဟာ
ခုတစ်လောနည်းပညာတတ်ကျွမ်းသူတွေကြားမှာ ဆွေးနွေးစရာဖြစ်နေပါတယ်။
DNS ဆိုတာကတော့ ကျွန်တော်တို့က ဆိုဒ်နာမည်ကိုရိုက်လိုက်ရင် သူကနေပြီးသက်ဆိုင်ရာ
IP address ကိုပြောင်းပေးတဲ့ဟာပါ။
တကယ်တော့ DNS ဟာ အဆင့် ၁၃ ဆင့်ရှိပါတယ်။ တစ်ဆင့်ကနေနောက်တစ်ဆင့် စသဖြင့်
အဆင့်ဆင့်သတင်းပို့တဲ့ ပုံစံနဲ့အလုပ်လုပ်ပါတယ်။
ဒါဆို ဒီဟာကိုအလုပ်မလုပ်နိုင်အောင် ဘယ်လိုပုံစံနဲ့အလုပ်လုပ်မှာပါလဲ ?
Distributed Denial of Services နည်းပညာကိုသုံးပြီး တိုက်ခိုက်လာနိုင်ပါတယ်လို့
တတ်ကျွမ်းသူတစ်ချို့က ထင်ကြေးပေးကြပါတယ်။
မြန်မာဆိုက်ဘာတက်ကိုလည်း ဒီနည်းနဲ့တစ်ခါတိုက်ခိုက် ခံရဖူးပါတယ်။
ဒီနည်းပညာကတော့ ဆာဗာကို Request တွေအဆက်မပြတ်လုပ်ပြီး အလုပ်ရှုပ်စေမှာဖြစ်ပါတယ်။
ဒီတော့ တကယ့်အသုံးပြုတဲ့သူက ဆိုဒ်တစ်ခုကိုဖွင့်ဖို့လုပ်တဲ့အခါမှာ ဆာဗာကသူ့အလှည့်ကိုမပေးနိုင်ဘဲ
မသမာသူတွေတောင်းနေတဲ့ Request တွေနဲ့ပဲအလုပ်ရှုပ်နေစေမှာပါ။
ဒီမှာတစ်ခုသတိထားရမှာက ကျွန်တော်တို့စက်တွေထဲကို ဗိုင်းရပ်တစ်ခုမသိမသာထည့်ပေးပြီး
ကျွန်တော်တို့စက်တွေကနေ ဒီဆာဗာကို အလုပ်ရှုပ်စေတဲ့ တောင်းဆိုမှုတွေလုပ်ဆောင်စေနိုင်တာပါပဲ။
အလွယ်ဆုံးပြောရရင်တော့ ကျွန်တော်တို့စက်ဟာ သူတို့လက်နက်တစ်ခုဖြစ်သွားတာပါပဲ။
ဒါ့ကြောင့် မေးထဲကိုရောက်လာတဲ့ လင့်တွေကိုချက်ချင်း မဖွင့်ဘဲ..
ဥပမာ. ဖေ့ဘွတ်ကလာတယ်ဆိုရင် ဖေ့ဘွတ်ကိုဖွင့်ပြီးမှ ကြည့်တာမျိုးလုပ်သင့်ပါတယ်။
ကဲ.. သူတို့တွေ တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာကို စောင့်ကြည့်ဖို့ရက်ပိုင်းပဲ လိုပါတော့တယ်။
တလောကလေးတင် နာမည်ကြီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Antisec Hacker အဖွဲ့ကိုဖမ်းဆီးမိခဲ့ပါပြီ။
ခုဒီအဖွဲ့ကတော့ ကျန်ရှိနေသေးတဲ့ နာမည်အကြီးဆုံးအဖွဲ့တစ်ဖွဲ့ပါပဲ။
သူတို့ကိုသူတို့တော့ Hacktivists တွေလို့ပဲ ပြောကြမယ်ထင်ပါရဲ့ဗျာ။
No comments:
Post a Comment