မျှော်လင့်ချက်ပေးပြီး
နှောင့်ယှက်သူဟာ
အကြီးမားဆုံး နှောင့်ယှက်မှုပဲ
ဘာကြောင့်လဲဆိုရင်
အနာဂတ်တွေ ပြိုလဲသွားနိုင်တယ်............"
"အခြေအနေနှင့်အချိန်ခါဆိုတာ
အိပ်ပြီးစောင့်ယူရတာဟုတ်ပါဘူး
သတိထားပြီး ပြုလုပ်ရတာပါ..."
"အမှားဆိုတဲ့အရာတွေဟာ
အပေါ်နှင့်အောက် ဆိုတဲ့
အစွန်းရောက်နေရာများတွင်
ရှိနေတတ်ပြီင်္း
အမှန်တရားကတော့
အလယ်တည့်တည့်မှာ ရပ်တည်နေပါတယ်............"
"ကိုယ့်ကြောင့်
သူတစ်ပါးကောင်းစားစေချင်တယ်ဆိုရင်
အရင်းဆုံးလုပ်ရမယ့် အလုပ်က
ကိုယ့်ကြောင့်
သူတစ်ပါးဒုက္ခမရောက်ဖို့
စိတ်မဆင်းရဲဖို့ပဲ "
"အကြောင်းနဲအကျိုး
အကောင်းနှင့်အဆိုးတို့ကို ခွဲခြားသိမြင်ပြီး
မိမိအကျိုး သူတစ်ပါး အကျိုးတို့ကို
စိစစ်သိမှု လုပ်ဆောင်နိုင်မှုကို
ပညာလို့ခေါ်ပါတယ်.........."
"အောင်မြင်မှုကို ရယူတဲ့နေရာမှာ
လောလို့မရဘူး
ဖြတ်လမ်းမရှိဘူး
အဓိက ကတော့
ရရှိထားတဲ့ နေရာကနေ
ပြန်မကျဖို့ အရေးကြီးတယ်..........."
"မိမိရဲက အပြုအမှု
အပြောအဆိုကြောင့်
မိမိတစ်ယောက်တည်း
နာမည်ပျက်တာ
အကြောင်း မဟုတ်ပါဘူး
မိမိကြောင့်
သူတစ်ပါး
ထိခိုက်ပျက်စီးသွားတာကမှ
အကြောင်းပါ..............."
ကျေးဇူးတင်လျှက်...................
မှတ်ချက်။ ။သတိုးနွယ်မှကောက်နုတ်ထားပါသည်
No comments:
Post a Comment