ချစ်သူဖတ်ဖို့ ရေးတဲ့စာ


ချစ်သူ ကို ဂရုစိုက်ဖို့ မှာနေတဲ့ အချိန် ကိုယ် တိုင်ဂရုစိုက် ဖို့ ကို မေ့လျော့နေမိတယ်…
ချစ်သူ ကို အစားမှန်မှန် စားဖို့ မှာနေချိန် ကိုယ် တိုင် အစားအသောက်မမှန် ပဲ ဖြစ်နေခဲ့တယ်..
ချစ်သူ ကို အချိန်တိုင်းပုံမှန်ဖြတ်သန်းဖို့ မှာ နေ ချိန် မှာ ကိုယ် တိုင် ပုံမှန် မဖြစ်နိုင်တဲ့ အချိန် တွေနဲ့
ချစ်သူ ကို အိပ်ချိန် မှန်ဖို့ မှာ နေချိန်  ကိုယ်တိုင်အိပ်ရေးပျက် ညတွေ အလယ် ဖြတ်သန်းရင်းနဲ့……
ချစ်သူ ကို မခံစားဖို့ မှာနေ ချိန် ကိုယ်တိုင်ရင်မှာ လောင်ကျွမ်းရင်းနဲ့…
ချစ်သူ ကို နေတတ်စေဖို့မှာ နေ ချိန် ကိုယ်တိုင်ရင်မှာ အရူးမီးဝိုင်းဖြစ်ရင်း နဲ့…….
ချစ်သူ ကို ကျမ္မာစေဖို့ဆုတောင်းပေးနေချိန် ကိုယ်တိုင်ချူချာ နေရင်း ……
ချစ်သူ လူတိုင်းက ကိုယ့်ကို အချစ်ဆုံးတဲ့  ဒါပေမဲ့ ကိုယ့်ရဲ့ ခံစား ချက်ကို မျက်ကွယ်ပြု ချစ်တဲ့သူကို
အကောင်းဖြစ်စေဖို့ တိုက်တွန်း တာ ဟာ ကိုယ့်ထက်ပိုချစ်လို့ပေါ့ ……..သိပါစေလေ….
ရင်နင့်ခံစားရတာတွေ ကို ယောင်လို့တောင်ပြောမထွက် ချင်တာ  မချစ်လို့မှမဟုတ်တာ သိပ်ချစ်လို့ အရမ်းချစ်မိလို့ မကူးစက်စေချင်တာပါ….နားလည်ပါစေလေ…
ဆို့နင့်ကြေကွဲရင်နင့်ခံစားရတဲ့ဝေဒနာ တွေ တိုင်း ချစ်သူကို မကူးစက်စေချင်တာ ……သိတတ်ပါလေ…..
ချစ်သူရယ် …..ကိုယ်အားငယ်နေချိန် အနားနေဖေမ မပေးနိုင်တာ နားလည်ပါတယ် မျက်ရည်ကျချိန် ကူသုတ်မပေးနိုင်တာ ကို ဖြေသာပါတယ် သံသယစိတ်မရှိပဲချစ်နေတယ် ဆို တဲ့အသိတခု လေးတင်အရာအားလုံးကို ဖြေနိုင် ခဲ့ပါတယ် ……

4 comments:

နေမင်း said...

တို့ လည်းဖတ်သွားတယ်နော် :P

နေမင်း said...

နာလည်း ဖတ်သွားတယ် :P

နေမင်း said...

နာ လည်း ဖတ်သွားတယ်ကွ :P

ကျော်လေး said...

ကျေးဇူးတင်ပါတယ်ချစ်သူရယ်။ မောင်လည်း ထပ်တူထပ်မျှ ခံစားရပါတယ်။