ကျန်းမာရေးဆိုင်ရာ ဆရာဝန်ကြီးတွေရဲ့ ပြောကြားချက်အရ နှလုံးအဆ့ရှင် ရောဂါဖြစ်ပွားမှု ဟာ အာသီးရောင်ခြင်းကို စနစ်တကျ မကုသတဲ့အတွက် ၎င်းမှတစ်ဆင့်
အစပြုကာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ ဒီလို အာသီးရောင်ခြင်း ကတဆင့် နောက်ဆက်တွဲ ရောဂါအနေနဲ့ အဆစ်ရောင် ရောဂါပါ ဆက်လက်ဖြစ်ပွားကာ နှလုံးအဆို့ရှင်များ ရောင်တတ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ရောင်လာတဲ့ နှလုံးအဆို့ရှင်တွေဟာ ကျဉ်းသွားခြင်း ဒါမှမဟုတ် ကျယ်သွားနိုင်ခြင်း ဖြစ်တာတွေကြောင့် နှလုံးအဆို့ရှင် မကောင်းမှုဖြစ်ပွား နိုင်တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် အာသီးရောင်ရောဂါ ဖြစ်ပွားခဲ့ရင် ပေါ့ပေါ့ဆဆ မနေပဲ ဆရာဝန်နဲ့ တိုင်ပင်ကာ ဆေးဝါးကုသမှု ခံယူသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက အကြံပြုထားပါတယ်။ နှလုံးအဆို့ရှင် ရောဂါဖြစ်ပွား ခဲ့ရင်တော့ ပုံမှန်စစ်ဆေး ကုသမှု ခံယူပါက နှလုံးရောဂါကြောင့် အသက် ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ အဆိုပါ နှလုံးအဆို့ရှင် မကောင်းမှုကို ဆေးသောက်ကုသနိုင်ကာ ရောဂါအရမ်းဆိုး ၀ါးမှသာ ခွဲစိတ်ပြီး နှလုံးအဆို့ရှင်ကို လဲလှယ်ကာ ကုသရတာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
No comments:
Post a Comment