ဖူကူရှီးမားရှိ ဓါတ်ပေါင်းဖိုတွင် မြင့်မားသည့် ရေဒီယို သတ္တိကြွမှု တွေ့ရှိ


တိုကျို လျှပ်စစ်စွမ်းအင် အေဂျင်စီ TEPCO  မှာ ဖူကူရှီးမား ဒိုင်အိချိ နှုကလိယ လျပ်စစ်ဓါတ်အားပေး စက်ရုံမှ ပျက်စီးနေသည့် ဓါတ်ပေါင်းဖို တစ်ခုထဲတွင် အင်အား
ပြင်းထန်သော ရေဒီယို သတ္တိကြွမှု ဖြစ်စဉ် တစ်ခုကို တွေ့ရှိခဲ့ကြောင်း NHK သတင်းတွင် ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်က ဖြစ်ပွားခဲ့သည့် မတော်တဆမှု နောက်ပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ်
ဓါတ်ပေါင်းဖို၏ နက်ရှိုင်းသည့် အောက်ခြေကို စောင့်ကြည့်ရေး ပစ္စည်း ထည့်နိုင် အပြီးတွင် ယခုလို သတ္တိကြွမှု ဖြစ်ရပ်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။  ယခု တွေ့ရှိသည့် ပမာဏမှာ လူသား တစ်ဦးကို ၇ စက္ကန့် အတွင်း သေစေ နိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် ယင်းဓါတ်ပေါင်းဖိုထဲရှိ ရေပမာဏမှာ ယခင်က ခန့်မှန်းထားသည့်  ၃ မီတာ ပမာဏမရှိဘဲ  ၆၀ စင်တီမီတာသာ ရှိကြောင်းလည်း တွေ့ရှိခဲ့ရသည်။

No comments: