တောသားလူလည်

ရထားရိုးရိုးတန်းတွင်တောသားတစ်ယောက်ရယ်.မြောက်ကြွမြောက်ကြွဖြစ်နေတဲ့
မြို့ကြီးသားတစ်ယောက်ရယ် အခြားတဖက်တွင် အဘွားကြီးတယောက်ရယ် အရမ်းချောသော ကောင်မလေးတယောက်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြ လေသည်..

လှိုင်ခေါင်းတခုထဲရထားဖြတ်သွားချိန်တွင် ရထားထဲ၌် မှောင်သွားလေသည်.. ထိုအချိန်တွင် ‘ရွှတ’် ဆိုသော ပါးနမ်းသံနဲ့ ‘ဖြန်း’ ဆိုတော့ ပါးရိုက်သံတို့ကို တဆက်တည်း ကြားရပီး ခဏတာ ငြိမ်သွားလေသည်..
ထို့နောက် ရထားပေါ် အလင်းရောင်ရလာသောအခါ အဘွားကြီးတွေးပုံမှာ “ဒီကောင်မလေး ငါ့သမီးဖြစ်ရင် ကောင်းမှာပဲ.. ဟိုနှာဘူး ၂ ကောင်ထဲမှ ၁ ကောင်ကောင်က ကောင်မလေးကို နမ်းလိုက်တော့ ကောင်မလေးက ပါးကိုပြန်ရိုက်လိုက်တာ ဖြန်းခနဲ နေတာပဲ”
ကောင်မလေးတွေးပုံမှာ “ဟိဟိ.. ဟို ငနာ၂ကောင်ထဲက ၁ကောင်ကောင်က အမှောင်ထဲမှာ ငါမှတ်ပီးတော့ အဘွားကြီးကို မှားနမ်းတာ အဘွားကြီး လက်စာမိသွားတယ်”
ခပ်ထောင်ထောင် မြို့ကြီးသားမှ သူ့ပါးသူပွတ်ရွေ့ တွေးပုံမှာ “ဟိုတောသား ပါးနမ်းတာက ကောင်မလေးက ငါ့ကိုမှားပီးရိုက်ရတယ်လို့”
တောသားကပြုံးကာ တွေးပုံမှာ “ဟဲဟဲ တော်တော် တော်တဲ့ငါပဲ.. ငါ့လက်ဖ၀ါး ငါနမ်းပီးတော့ ဘေးကကောင်ကို ဘေးကကောင်ကို အမြင်ကတ်ကတ်နဲ့ ရိုက်လိုက်တာ တော်တော်အရသာရှိတာပဲ…”

No comments: