ပထမဆုံး ဆိုဗီယက် မိုးလေ၀သဂြိုဟ်တု ပြန်လည် ပြုတ်ကျလာခဲ့


ယခင်ဆိုဗီယက် ပြည်ထောင်စုက လွှတ်တင်ခဲ့တဲ့ ပထမဆုံးသော မိုးလေ၀သဂြိုဟ်တု Meteor-1  ဟာ အန္တာတိကတိုက်ပေါ်ကို ပြုတ်ကျခဲ့တယ်လို့
သိရပါတယ်။ အဆိုပါ ဂြိုဟ်တုဟာ ပတ်လမ်းအတွင်း ၄၃နှစ်ကြာ လှည့်ပတ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ ပြုတ်ကျလာခဲ့တာ ဖြစ်ကြောင်း ရုရှား ကာကွယ်ရေး ၀န်ကြီးဌာန က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဂြိုဟ်တုဟာ မော်စကိုစံတော်ချိန် နံနက် ၂နာရီ
၁၇မိနစ်မှာ ကမ္ဘာ့လေထုထဲကို ၀င်ရောက်လာခဲ့ပြီး အန္တာတိကတိုက်ရဲ့ Queen Maud Land ဒေသမှာ ကျရောက်ခဲ့တာ ဖြစ်ကြောင်း အာကာသ စူးစမ်းလေ့လာရေး စင်တာက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အဆိုပါ Meteor ဂြိုဟ်တုကို ၁၉၆၀ ခုနှစ်များအတွင်းက တီထွင်ခဲ့ပြီး ၀င်ရိုးစွန်း ပတ်လမ်းမှာ ၁နှစ်ကြာ လုပ်ငန်းလုပ်ဆောင်ခဲ့ပါတယ်။ ဒီဂြိုဟ်တုဟာ ဆိုဗီယက် ပြည်ထောင်စု က လွှတ်တင်ခဲ့တဲ့ ပထမဆုံး မိုးလေ၀သဂြိုဟ်တု ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရုရှားအစိုးရ နိုင်ငံတ၀ှမ်း မိုးလေ၀သနဲ့ ရာသီဥတု အခြေအနေကို စောင့်ကြည့်လေ့လာဖို့ မိုးလေ၀သဂြိုဟ်တု ကွန်ယက်ကို ပြုပြင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Reference : Xinhua.com

No comments: