မေ့မှဖြစ်မည်
ရစ်ချည်သမျှ
အမှတ်တရတွေ
ဖြတ်ပါရစေတော့။
ဝေးမှဖြစ်မည်
ဝဋ္ဋ်လည်သမျှ
ဗျာပါဒတွေ
ရစ်ချည်သမျှလည်းမပြေ
ဝဋ္ဋ်လည်သမျှလည်းမကျေ
အနေဝေးလည်းမမေ့
မတွေ့လည်းစိမ်းဖို့မလွယ်
တရှိုက်မက်မက်
အဖယ်ရခက်တဲ့ဆူး
ရင်ထဲဆူးနေ
ရူးတော့မတက်ချစ်မိတယ်.....။
သေလုနီးပါးလွမ်းမိတယ်.....။
(အချစ်ဦးဆိုတော့လည်း..............)
No comments:
Post a Comment